Connect with us

Hi, what are you looking for?

News

ဦးခေါင်းမှာဒဏ်ရာရထားတဲ့ ကိုဂျင်မီကို စစ်ကောင်စီ စစ်ကြောရေးလုပ်နေ

ဒီနေ့ကြားရတဲ့သတင်းတွေအရ ကိုဂျင်မီကို စစ်ကြောရေးလုပ်တာ သိရတယ်လို့ မနီလာသိန်းက ဖေ့ဘွတ်ခ်မှာရေးထားတာပါ။

ဖမ်းဆီးချိန်က အင်အားအလွန်အကျွံ သုံးတဲ့အပြင် အကြမ်းဖက်တာကြောင့် ဦးခေါင်းမှာ စိုးရိမ်ရတဲ့ ဒဏ်ရာရသွားတဲ့ ၈၈မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီကို စစ်ကြောရေးလုပ်နေတယ်ဆိုတာ သိရကြောင်း ဇနီးဖြစ်သူ မနီလာသိန်းက အသိပေးထားပါတယ်။

ဒီနေ့ကြားရတဲ့သတင်းတွေအရ ကိုဂျင်မီကို စစ်ကြောရေးလုပ်တာ သိရတယ်လို့ မနီလာသိန်းက ဖေ့ဘွတ်ခ်မှာရေးထားတာပါ။

ကိုဂျင်မီဟာ အောက်တိုဘာလ ၂၃ ရက်ညပိုင်း မြောက်ဒဂုံမှာ ဖမ်းမိခဲ့တာပါ။

ဖမ်းဆီးချိန်က ဦးခေါင်းမှာ စိုးရိမ်ရတဲ့ဒဏ်ရာရသွားပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။