Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲ ရက်ပေါင်း ၃၀ကြာ တိုက်ပွဲဖြစ်ခဲ့ဟု CDFပြော

စစ်ရေးသတင်းများကို လတ်တလော ပြောဆို၍ မရသေးဘဲ ပြောလို့ရသည့် အခြေအနေတွင် ပြောပြမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

(မင်းတပ်မြို့ရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို နိုဝင်ဘာ နောက်ဆုံးပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(မင်းတပ်မြို့ရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို နိုဝင်ဘာ နောက်ဆုံးပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် (Mindat)ပါဝင်သည့် ချင်းညီနောင်မဟာမိတ် တပ်များက နိုဝင်ဘာ ၉ရက်က စတင်ဆင်နွှဲခဲ့ရာ ယနေ့အထိ ရက်ပေါင်း ၃၀ကြာတိုက်ပွဲရှိခဲ့ကြောင်း CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယနေ့ (ဒီဇင်ဘာ ၉ရက်)တွင် ပြောသည်။

ချင်းညီနောင်မဟာမိတ်များသည် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်တွင် တပြိုင်တည်း စတင်ခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းစစ်ဆင်ရေးများအတွင်း အောင်မြင်မှုများ ရရှိထားကြောင်း အသိပေး ထားသော်လည်း စစ်ရေးသတင်းများ ထပ်မံထုတ်ပြန်ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

စစ်ရေးသတင်းများကို လတ်တလော ပြောဆို၍ မရသေးဘဲ ပြောလို့ရသည့် အခြေအနေတွင် ပြောပြမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားအသုံးပြု ခုခံခဲ့ပြီး မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းသို့လည်း လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်းမှုများ ပြုလုပ်ခဲ့ဟု ဒေသခံသတင်းရင်းမြစ်က အသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် မင်းတပ်မြို့ပေါ်ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလည်း ကျူးလွန်ခဲ့ဟု ဆိုသည်။

CDFမင်းတပ် ရဲဘော်များအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင်ဆင်နွှဲမည်ဖြစ်ကြောင်း CDF မင်းတပ်က ယခုဒီဇင်ဘာ လဆန်းတွင် ကြွေးကြော်ထားပြီး အရေးတော်ပုံ ပြီးသည်အထိ တော်လှန်ရေး အောင်နိုင်သည်အထိ စွမ်းစွမ်းတမံ ကြိုးစားမည်ဖြစ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ရပ်စောက်မြို့နယ် ကျောက်ဂူ–အင်တောရွာကြားမှာ အာဏာသိမ်း စစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်မှုများတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာ​ကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။