Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကိုင်းဘက်သို့လာသည့် စစ်ယာဥ်တန်းကို မိုင်းပဒေသာဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၁၂ဦး သေဆုံးနိုင်ဟု Black Eagle Defence Force ထုတ်ပြန်

ထို့နောက် ထိုကားတန်းမှလွတ်မြောက်လာသော ယာဥ်တန်းအား အလ္လက္ကပ္ပ ကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ပဒေသာမိုင်း လေးလုံးတွဲဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ဦးတည်လာသည့် အကြမ်း ဖက်စစ်ကောင်စီယာဥ်တန်းကို ယနေ့(အောက်တိုဘာ၂၇) နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force (MMU)က ထုတ်ပြန်သည်။

စစ်ကားအစီးရေ ၁၃စီးပါရှိသော စစ်ကောင်စီယာဥ်တန်းကို နံနက် ၆ နာရီခန့်က မြင်းမူမြို့နယ် ဂွေးပင်တော ကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာ အကြားတွင် Black Eagle Defence Force (MMU)က ဦးဆောင်၍ Local PDF ညီနောင်များမှ မိုင်းပဒေသာ ရှစ်လုံးဖြင့် ကနဦးမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ထိုကားတန်းမှလွတ်မြောက်လာသော ယာဥ်တန်းအား အလ္လက္ကပ္ပ ကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ပဒေသာမိုင်း လေးလုံးတွဲဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကား နှစ်စီးပျက်စီးခဲ့ပြီး စစ်သား ၁၂‌ဦး သေဆုံးနိုင်ဖွယ်ရှိရာ ယာဥ်တန်းပါ စစ်ကား ၁၃ စီးအနက် ရှစ်စီးသာ စစ်ကိုင်းဘက်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယနေ့ မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဥ်အတွင်း PDF ညီနောင်များဘက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း Black Eagle Defence Force (MMU)က ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီယာဥ်တန်းများ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အထိအခိုက်အသေအဆုံးများလျှက်ရှိနေပြီး မဟာမိတ်စစ်ဆင်ရေးအဖြစ် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

Taw Twin Tup Pee Local PDF အဖွဲ့သည် မတ်လ ၉ရက် နံနက်ပိုင်းက အုန်းတောရွာအနီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။

သတင်း

နိုဝင်ဘာအတွင်းကလည်း မတ္တရာနယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုများကာ ပြည်သူအချို့လည်း ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသည်။