Connect with us

Hi, what are you looking for?

News

စစ်ကိုင်းဘက်သို့လာသည့် စစ်ယာဥ်တန်းကို မိုင်းပဒေသာဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၁၂ဦး သေဆုံးနိုင်ဟု Black Eagle Defence Force ထုတ်ပြန်

ထို့နောက် ထိုကားတန်းမှလွတ်မြောက်လာသော ယာဥ်တန်းအား အလ္လက္ကပ္ပ ကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ပဒေသာမိုင်း လေးလုံးတွဲဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ဦးတည်လာသည့် အကြမ်း ဖက်စစ်ကောင်စီယာဥ်တန်းကို ယနေ့(အောက်တိုဘာ၂၇) နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force (MMU)က ထုတ်ပြန်သည်။

စစ်ကားအစီးရေ ၁၃စီးပါရှိသော စစ်ကောင်စီယာဥ်တန်းကို နံနက် ၆ နာရီခန့်က မြင်းမူမြို့နယ် ဂွေးပင်တော ကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာ အကြားတွင် Black Eagle Defence Force (MMU)က ဦးဆောင်၍ Local PDF ညီနောင်များမှ မိုင်းပဒေသာ ရှစ်လုံးဖြင့် ကနဦးမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ထိုကားတန်းမှလွတ်မြောက်လာသော ယာဥ်တန်းအား အလ္လက္ကပ္ပ ကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ပဒေသာမိုင်း လေးလုံးတွဲဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကား နှစ်စီးပျက်စီးခဲ့ပြီး စစ်သား ၁၂‌ဦး သေဆုံးနိုင်ဖွယ်ရှိရာ ယာဥ်တန်းပါ စစ်ကား ၁၃ စီးအနက် ရှစ်စီးသာ စစ်ကိုင်းဘက်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယနေ့ မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဥ်အတွင်း PDF ညီနောင်များဘက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း Black Eagle Defence Force (MMU)က ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီယာဥ်တန်းများ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အထိအခိုက်အသေအဆုံးများလျှက်ရှိနေပြီး မဟာမိတ်စစ်ဆင်ရေးအဖြစ် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။