Connect with us

Hi, what are you looking for?

သတင်း

မန္တလေး − မုံရွာလမ်းမှာစစ်တပ်က ပြည်သူတွေကို မိုင်းရှာခိုင်း

မန္တလေး-မုံရွာလမ်းပေါ်က မြပုလဲဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်တပ်က ယခုလို ပြည်သူတွေကို မိုင်းရှာခိုင်းခဲ့တာလို့ သိရပါတယ်။

(အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ − CJ၊ ပုံအဟောင်းအသုံးပြုထားပါသည်။)
(အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ − CJ၊ ပုံအဟောင်းအသုံးပြုထားပါသည်။)

မေ/People’s Spring

မန္တလေး − မုံရွာလမ်းပိုင်းမှာ စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ လမ်းသွားလာနေတဲ့ပြည်သူတွေရဲ့ကားတွေကိုဖမ်းဆီးပြီး မိုင်းရှာခိုင်းတယ်လို့ ကြုံတွေ့လာရတဲ့သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ရက် ဒီနေ့မနက် ၈နာရီကျော်လောက်က မန္တလေး-မုံရွာလမ်းပိုင်းမှာ ခင်မွန်ကျေးရွာကနေ ပရစ်ကုန်းအထိကို ခရီးသွားလာနေတဲ့ပြည်သူတွေရဲ့ကားတွေကို ရပ်ခိုင်းပြီး လူတွေကို လမ်းလျှောက်ကာ မိုင်းရှာခိုင်းခဲ့တာလို့သိရပါတယ်။

“အိမ်စီးကားတွေရော၊ခရီးသည်တင်ကားတွေရော အကုန်ဆင်းရှာရတာ။ချုံပုတ်တွေကြားထဲလည်းတုပ်နဲ့ထိုးရှာရတယ်။ဘာအကာကွယ်မှမပါဘူး။မတွေ့လို့တော်သေးတာပေါ့” လို့ ရှာဖွေခဲ့ရတဲ့လူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနက် ၈နာရီကျော်ကနေ ၁၀နာရီကျော်အထိ လမ်းလျှောက်ရှာဖွေပေးခဲ့ရတာလို့သူက ဆက်ပြောပါတယ်။

မန္တလေး-မုံရွာလမ်းပေါ်က မြပုလဲဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်တပ်က ယခုလို ပြည်သူတွေကို မိုင်းရှာခိုင်းခဲ့တာလို့ သိရပါတယ်။

ဒီလမ်းမှာ စစ်ကားတွေမိုင်းဆွဲခံရတာတွေရှိပြီးတဲ့နောက် စစ်တပ်ဟာ ယခုလိုပြည်သူတွေကိုမိုင်းရှာဖွေခိုင်းတာတွေပြုလုပ်နေပြီး ပြီးခဲ့တဲ့လတွေမှာမိုင်းပေါက်ကွဲပြီးသေဆုံးသူတွေရှိခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။