Connect with us

Hi, what are you looking for?

သတင်း

မန္တလေး − မုံရွာလမ်းမှာစစ်တပ်က ပြည်သူတွေကို မိုင်းရှာခိုင်း

မန္တလေး-မုံရွာလမ်းပေါ်က မြပုလဲဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်တပ်က ယခုလို ပြည်သူတွေကို မိုင်းရှာခိုင်းခဲ့တာလို့ သိရပါတယ်။

(အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ − CJ၊ ပုံအဟောင်းအသုံးပြုထားပါသည်။)
(အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ − CJ၊ ပုံအဟောင်းအသုံးပြုထားပါသည်။)

မေ/People’s Spring

မန္တလေး − မုံရွာလမ်းပိုင်းမှာ စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ လမ်းသွားလာနေတဲ့ပြည်သူတွေရဲ့ကားတွေကိုဖမ်းဆီးပြီး မိုင်းရှာခိုင်းတယ်လို့ ကြုံတွေ့လာရတဲ့သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၃ရက် ဒီနေ့မနက် ၈နာရီကျော်လောက်က မန္တလေး-မုံရွာလမ်းပိုင်းမှာ ခင်မွန်ကျေးရွာကနေ ပရစ်ကုန်းအထိကို ခရီးသွားလာနေတဲ့ပြည်သူတွေရဲ့ကားတွေကို ရပ်ခိုင်းပြီး လူတွေကို လမ်းလျှောက်ကာ မိုင်းရှာခိုင်းခဲ့တာလို့သိရပါတယ်။

“အိမ်စီးကားတွေရော၊ခရီးသည်တင်ကားတွေရော အကုန်ဆင်းရှာရတာ။ချုံပုတ်တွေကြားထဲလည်းတုပ်နဲ့ထိုးရှာရတယ်။ဘာအကာကွယ်မှမပါဘူး။မတွေ့လို့တော်သေးတာပေါ့” လို့ ရှာဖွေခဲ့ရတဲ့လူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနက် ၈နာရီကျော်ကနေ ၁၀နာရီကျော်အထိ လမ်းလျှောက်ရှာဖွေပေးခဲ့ရတာလို့သူက ဆက်ပြောပါတယ်။

မန္တလေး-မုံရွာလမ်းပေါ်က မြပုလဲဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်တပ်က ယခုလို ပြည်သူတွေကို မိုင်းရှာခိုင်းခဲ့တာလို့ သိရပါတယ်။

ဒီလမ်းမှာ စစ်ကားတွေမိုင်းဆွဲခံရတာတွေရှိပြီးတဲ့နောက် စစ်တပ်ဟာ ယခုလိုပြည်သူတွေကိုမိုင်းရှာဖွေခိုင်းတာတွေပြုလုပ်နေပြီး ပြီးခဲ့တဲ့လတွေမှာမိုင်းပေါက်ကွဲပြီးသေဆုံးသူတွေရှိခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။