Connect with us

Hi, what are you looking for?

သတင်း

စလင်းနှင့် ပွင့်ဖြူကြား ပုသိမ်-မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီတပ် အစစ်အဆေးကြမ်းနေ

စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၃)ညနေပိုင်းမှစပြီးပွင့်ဖြူ-ရှောက်တောတံတား၊ စလင်းမြို့နယ်တောင်ဘက်နှင့် ပွင့်ဖြူနယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ မဲဇလီတံတား စသည့်နေရာများတွင် အင်အားအပြည့်ဖြင့်လာရောက်စစ်ဆေးနေခြင်းြဖစ်သည်ဟု ဆိုသည်။

(ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှ မဲဇလီတံတားအားတွေ့ရစဉ်(ပုံဟောင်း))
(ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှ မဲဇလီတံတားအားတွေ့ရစဉ်(ပုံဟောင်း))

▪︎ပြည်သူများသတိထားသွားလာကြရန်PDF အသိပေး

မကွေးတိုင်း စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ ကင်းပုန်းအများအပြားချထားသည့်အပြင် အင်အားအ ပြည့်ဖြင့် စစ်ဆေးနေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူ(PDF-PwintPhyu)မှ တာ ၀န်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၃)ညနေပိုင်းမှစပြီးပွင့်ဖြူ-ရှောက်တောတံတား၊ စလင်းမြို့နယ်တောင်ဘက်နှင့် ပွင့်ဖြူနယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ မဲဇလီတံတား စသည့်နေရာများတွင် အင်အားအပြည့်ဖြင့်လာရောက်စစ်ဆေးနေခြင်းြဖစ်သည်ဟု ဆိုသည်။

“ကင်းပုန်းတွေလည်း ရှိတယ်။ ညနေပိုင်းက ကားကြီးတစ်စီးလက်နက်အင်အားလူ အပြည့်နဲ့တက်သွားတာ။ ကပ်ရက်က ကားလေး နှစ်စီးပါတယ်ဗျ။ တက်သွားတယ်ဆိုတာက ပွင့်ဖြူကနေ မဲဇလီဘက်တက်တာပြောတာ။ စလင်းရဲ့ တောင်ဘက်မှာလည်း ပိတ်စစ်တယ်ဗျ။ ရှောက်တော တံတားမှာလည်း စစ်တယ်ဗျ။ ခုထိစစ်နေဆဲလို့လည်းသိရတယ်။ သရက်ကံမ ရဲဘော်တွေကျဆုံးတဲ့ရက်ကလည်း အဲလိုပဲဗျ။ စစ်တယ်”ဟု PDF-PwintPhyu မှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်များ အင်အားအပြည့်ဖြင့်စစ်ဆေးနေသော ပုသိမ်-မုံရွာလမ်းပေါ်ရှိ မဲဇလီတံတားတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက သရက်-ကံမ တော်လှန်ရေးရဲဘော်များစီးနင်းလိုက်ပါလာသည့်ယာဉ်တစ်စီး စစ်ကောင်စီတပ်၏ စောင့်ကြိုတိုက်ခိုက်ခြင်းခံရပြီး ရဲဘော်အချို့ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယခုလက်ရှိတွင်လည်း အထက်ပါလမ်းပိုင်းများအား စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်နေသည်မှာ သတင်းတစ်ခုခုရ၍ဖြစ်နိုင်သောကြောင့် ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် သက်ဆိုင်ရာလမ်းပိုင်းများကို သတိပြုသွားလာကြရန် PDF-PwintPhyu က သတိပေးသည်။

“(ပြည်သူတွေအနေနဲ့)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီနဲ့ပတ်သက်တဲ့ သတင်းတွေပေးကြဖို့အကူညီတောင်းချင်ပါတယ်။ ပြီးတော့လည်း စစ်ကောင်စီနဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။ မလိုအပ်ပဲ သူတို့နဲ့ နီးနီးကပ်ကပ်မနေဖို့နဲ့ ကျရောက်လာမဲ့ အန္တရာယ်တွေကို သတိနဲ့ ယှဥ်ပြီး နေကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျ”ဟု PDF-PwintPhyu က သတင်းစကားပါးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်ရှိ အုန်းတောရွာနှင့် မြောင်းကြားကျေးရွာရှိ နေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက်က ထိတွေ့တိုက်ပွဲဖြစ်ပွားကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်ကာနေအိမ်များ မီးရှို့ဖျက်ဆီးနေကြောင်း အဆိုပါမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စင်းကို မဟာမိတ်အဖွဲ့များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စလင်းမြို့နယ် ပကဖ မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။