Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က တရုတ်ပိုက်လိုင်းကိုအခြေပြုပြီး မန်းရွှေစက်တော်ဘက်တွင် အင်အားတိုးချဲ့နေ

မန်းရွှေစက်တော်အနီးရှိ ဘုရားရွာမှ လူငယ် ၃ ဦးကို ဒီဇင်ဘာလဆန်းပိုင်းတွင်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသေးသည်ဟု ​ဒေသခံတစ်ဦးကဆက်ပြောသည်။

စစ်တပ်က တရုတ်ပိုက်လိုင်းကိုအခြေပြုပြီး မန်းရွှေစက်တော်ဘက်တွင် အင်အားတိုးချဲ့နေ
စစ်တပ်က တရုတ်ပိုက်လိုင်းကိုအခြေပြုပြီး မန်းရွှေစက်တော်ဘက်တွင် အင်အားတိုးချဲ့နေ

တာရာ/People’s Spring

စစ်ကောင်စီတပ်က ​မ​ကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် တရုတ်ပိုက်လိုင်း၌ အခြေ ပြု၍ ရွှေစက်တော်ဘုရားအတွင်း စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံများက​ပြောသည်။

စစ်ကောင်စီတပ်က မင်းဘူးမြို့နယ်၊ ပဒေါင်းရွာအနီးရှိ တရုတ် ရေနံပိုက်လိုင်းကို အခြေပြုပြီး မန်းရွှေစက်တော်ဘုရားတွင် အင်အားဖြည့်တင်းကာ အခိုင်အမာတပ်စွဲနေကြောင်း ရွှေစက်တော်အနီးရှိ ဒေသခံတစ်ဦးကပြောသည်။

“ရွှေစက်တော်က ရခိုင်ဘက်ကလာရင် အဓိက စိုးမိုးကုန်းဖြစ်နေတာရယ်။ ရခိုင်ကို စစ်ကူပို့တဲ့ အဓိက လမ်းမဘေးနားမှာရှိတာကြောင့်ဖို့ အင်အားအလုံးအရင်းနဲ့ မန်းရွှေစက်တော်ကို ခံစစ်ပြင်နေတာပါ”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် မန်းရွှေစက်တော်ဘုရားအနီးတပ်စွဲပြီး ဒေသခံများကို ဖမ်းဆီး ပေါ်တာဆွဲခြင်း၊ ဒေသခံများထံမှ ငွေကြေးများလုယက်ခြင်းစသည့်တိုပြုလုပ်နေကြောင်းလည်း ဒေသခံတစ်ဦးကပြောသည်။

“မန်းရွှေစက်တော် ၃မိုင်ဂိတ်နဲ့ ပဒေါင်းရွာထိပ်မှာ စစ်တပ်က တပ်စွဲပြီး ဒေသခံတွေကို ခြိမ်းခြောက်တာ၊ ငွေညှစ်တာတွေလုပ်ပါတယ်။ ပြည်သူတွေကိုလည်း PDFတွေ သတင်းမေးပြီး ရိုက်နှက်တာတွေလုပ်ကြတယ်”ဟု ၎င်းကဆက်ပြောသည်။

မန်းရွှေစက်တော်အနီးရှိ ဘုရားရွာမှ လူငယ် ၃ ဦးကို ဒီဇင်ဘာလဆန်းပိုင်းတွင်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသေးသည်ဟု ​ဒေသခံတစ်ဦးကဆက်ပြောသည်။

ပဒေါင်းရွာသည် မြန်ာ-တရုတ်​ရေနံပိုက်လိုင်းအတွက် ရေနံတွန်းစက်ရုံတည်ရှိပြီး စစ်တပ်က အထိုင်စခန်းချထားသည့်နေရာဖြစ်သည်။ ထိုရွာအနီးရှိ တရုတ်ပိုက်လိုင်းတွင် စစ်တပ်ကအင်အားစုပြီး ငဖဲမြို့နယ်မှ တဆင့်ရခိုင်ပြည်နယ်ဘက်သို့စစ်ကူပို့ခြင်းနှင့် ရွှေစက်တော်ဘုရားအတွင်း စစ်အင်အားတိုးချဲ့ခြင်းတို့ကို ပြုလုပ်နေသည်ဟု ဒေသခံများကဆိုသည်။

နိုဝင်ဘာ ၂၇ ရက်ကလည်း မင်းဘူးအခြေစိုက် ဒေသခံ ကာကွယ်ရေးတပ် နှင့် စစ်ကောင်စီတပ်တို့ ပုသိမ်-မုံရွာလမ်းမပေါ်ရှိ မန်းရွှေစက်တော် အဝင် ဂိတ် (၃မိုင်ဂိတ်)တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် စစ်ကြောင်းနောက်ပြန်ဆုတ်သွားကြောင်း မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

သတင်း

လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...