Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းပြီးသုံးလအကြာတွင် ကဗျာဆရာတစ်ဦးမီးရှို့သတ်ဖြတ်ခဲ့သူအား မုံရွာပလဖ ဖမ်းမိ

ဖမ်းဆီးရမိသော အောင်ကိုလတ်အား စစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြစ်မှုပေါ်မူတည်၍ အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

(ဖမ်းဆီးရမိသူအောင်ကိုလတ်ဆိုသူအား စစ်ဆေးနေစဥ်။ဓာတ်ပုံ - မုံရွာပလဖ)
(ဖမ်းဆီးရမိသူအောင်ကိုလတ်ဆိုသူအား စစ်ဆေးနေစဥ်။ဓာတ်ပုံ - မုံရွာပလဖ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အာဏာသိမ်းအပြီးကာလက ကဗျာဆရာတစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိထားကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၂၁အာဏာသိမ်းကာလအစောပိုင်းက

မုံရွာမြို့တွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော စစ်ကောင်စီ သတင်းပေး အောင်ကိုလတ်ဆိုသူအား ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“မုံရွာမြို့နယ်အတွင်းမှာပဲ ဖမ်းဆီးရမိတာပါ။ အသေးစိတ်ကတော့ စစ်ဆေးနေတုန်းပဲရှိပါသေးတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ကဗျာဆရာဦးစိန်ဝင်းသည် ၂၀၂၁ မေလ ၁၄ ရက်က မုံရွာမြို့စက်မှုဇုန်၌ မီးရှို့သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော အောင်ကိုလတ်အား စစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြစ်မှုပေါ်မူတည်၍ အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့သည် စက်တင်ဘာအတွင်းကဖြစ်ပွားခဲ့သော ကျပ်သိန်းပေါင်းတစ်သောင်းခွဲခန့် ဓါးပြတိုက်ခံခဲ့ရသည့် နဝရက်ရွှေဆိုင်ဓါးပြမှုပါဝင်သူ ၇ ဦးကိုလည်း ဖမ်းဆီးရမိထားသည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်းကလည်း ပျူစောထီးများ၊ မုဒိမ်းမှုကျူးလွန်သူများနှင့် သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သူတစ်ဦးတို့လည်း ဖမ်းဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို-မြစ်ကြီးနားလမ်းကို ဖြတ်ပြီး ပြန်လာတဲ့ အရပ်သားပြည်သူ ၇ဦးကို ပျူစောထီးတွေ ပါဝင်တဲ့ စစ်အုပ်စုက လေးရက်ကြာ ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်က မြေအောက် ရထားတစ်စီးပေါ်မှာ အမျိုးသမီး တစ်ယောက်ကို မီးရှို့ သတ်ဖြတ်ခဲ့မှုအတွက် သံသယ တရားခံကို စွဲချက်တင်လိုက်ပါတယ်။

သတင်း

ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ကျားခဲကျေးရွာမှ အမျိုးသားလေးဦး မီးရှို့သတ်ဖြတ်ပြီး နောက်ထပ် ခုနစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။