Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် မီတာပုံးများလိုက်ဖြုတ်နေသော လျှပ်စစ်ဝန်ထမ်းများအား ပြောက်ကျားတပ်ဖွဲ့ သတိပေး

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

(စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်၌ မီတာပုံးများလိုက်ဖြုတ်နေသော စစ်ကောင်စီလက်အောက်ခံ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးဝန်ထမ်းများအနေဖြင့် ၎င်းတို့၏လုပ်ရပ်များရပ်တန့်ရန် မုံရွာအခြေစိုက် Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)က သတိပေးလိုက်သည်။

မုံရွာမြို့ပေါ်တွင် မီတာကြေးအဆမတန်ကောက်ခံခြင်း၊ မီတာပုံးများ မီးကြိုးများ ဖြုတ်ယူခြင်း၊ဖြုတ်ယူသွားသော မီတာပုံးများအား ရောင်းချခြင်း၊ ဒဏ်ကြေးအကြောင်းပြကာ ငွေကြေးအဆမတန် တောင်းခြင်း၊ အစရှိသည့်လုပ်ရပ်များ ရပ်တန်းကရပ်ရန် မုံရွာအခြေစိုက် Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)က ယနေ့(ဒီဇင်ဘာ၁ရက်)တွင် သတိပေးကြေညာသည်။

ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ဆက်လက်၍ ပြည်သူများအပေါ် အနိုင်ကျင့်ခြိမ်းခြောက်နေပါက မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများနှင့်၎င်းတို့၏ မိသားစုဝင်များအား တာဝန်ယူမည်မဟုတ်ကြောင်း Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)က ထပ်မံသတိပေးသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်ကောင်စီသည် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းမှစတင်ကာ မုံရွာမြို့ပေါ်ရှိ မီတာမဆောင်သည့်နေအိမ်များမှ လျှပ်စစ်မီတာပုံးများလိုက်ဖြုတ်နေသည်။

“အကုန်လိုက်ဖြုတ်နေတာတော်တော်များတယ်။ မီတာဆောင်ချင်ရင်လည်း ပွဲစားကနေတဆင့်ဆောင်ပေးတာတွေပေါ်နေပြီ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

“အိမ်မပိတ်ဘူး ဒီတိုင်းသုံးနေတဲ့အိမ်က ပိုက်ဆံရှိရင်ဆယ်သိန်း။ ပိုက်ဆံမရှိရင် ၇ သိန်း။ နည်းနည်းချမ်းသာသွားရင် ၁၇ သိန်း၊ သိန်း ၂၀ အဲလိုတောင်းတာ။”ဟု မုံရွာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီအား ဘဏ္ဍာငွေဖြတ်တောက်သည့် လှုပ်ရှားမှုအဖြစ် လျှပ်စစ်မီတာခများ မပေးဆောင်ရန် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ မုံရွာမြို့နေပြည်သူများမှာ လေးနှစ်နီးပါး မီတာခပေးဆောင်ခြင်းမရှိဘဲ ပါဝင်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီက မီတာခများ အတင်းအကျပ်ကောက်ခံနေသော်လည်း လျှပ်စစ်မီးရရှိမှာ မုံရွာမြို့ပေါ်၌ တစ်ရက်လျှင် ၃ နာရီခန့်သာ ရရှိကြောင်း မြို့ခံများက ပြောသည်။

၂၀၂၂ ခုနှစ် ဇွန်လအတွင်းက မုံရွာမြို့တွင် မီတာပုံးများလိုက်ဖြုတ်နေသည့် မုံရွာမြို့နယ်လျှပ်စစ်မန်​နေဂျာရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူးဦးနိုင်ဆန်းလင်းနှင့်ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးနေဝင်းထွန်းတို့ သေနတ်ဖြင့်ပစ်ခံရပြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မှာ ဧပြီလအတွင်း မီးပျက်ချိန်များခဲ့ပေမယ့် မီတာခတွေ တော့ အရင်လတွေထက် သိသိသာသာတိုးသွားတာကြောင့် စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။