Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲခံရကာ တောင်းတဲ့ကျပ်သိန်းသုံးထောင်ပေးပြီးပြန်ရွေးပေမယ့် သတ်ဖြတ်ခံလိုက်ရဟုဆို

မန္တလေးမြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ကျူးလွန်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

(စစ်တပ်အာဏာသိမ်းအပြီးအစောပိုင်းကာလမှာ မန္တလေးမြို့က ဆန္ဒပြသူများအား လိုက်လံဖြိုခွင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲများ။ ဓာတ်ပုံ - Getty Image)
(စစ်တပ်အာဏာသိမ်းအပြီးအစောပိုင်းကာလမှာ မန္တလေးမြို့က ဆန္ဒပြသူများအား လိုက်လံဖြိုခွင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲများ။ ဓာတ်ပုံ - Getty Image)

▪️ကျူးလွန်သူက မိတ်ဆွေဆရာဝန်လို့ဆို

အင်ကြင်း/People Spring

မန္တလေးမြို့မှာ အသက်(၃၀)အရွယ် လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲခံရပြီး တောင်းရမ်းတဲ့ ကျပ်သိန်းသုံးထောင် လွှဲပေးပြီး ပြန်ရွေးခဲ့ပေမဲ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ အဲဒီဆရာဝန်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က မန္တလေးမြို့၊ ပုဂ္ဂလိကဆေးခန်းတစ်ခုက လူငယ် OG ဆရာဝန်တစ်ဦးကို လူတစ်စုက ဖမ်းဆီးခဲ့ပြီးနောက် သူ့မိသားစုဝင် တွေကို ကျပ်သိန်းသုံးထောင်ပေးရင် ပြန်လွှတ် ပေးမယ်လို့ ဆက်သွယ်လာခဲ့ကြောင်း၊ မိသားစုက သိန်းသုံးထောင်ပေးခဲ့ပေမဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်မနက်ပိုင်းမှာတော့ အဲဒီဆရာဝန်ရဲ့အလောင်းကို မန္ဆလေးမြို့ ကန်တော်ကြီးအနီးမှာ ပြန်လည်တွေ့ရှိခဲ့တာလို့ ဆရာဝန်နဲ့နီးစပ်သူတွေက ပြောပါတယ်။

“ပိုက်ဆံသိန်းသုံးထောင်ကို ဖမ်းသွားတဲ့နေ့ ည‌နေကတည်းက ပေးပြီးသားလို့ပြောတယ်။ အဲဒါ ဒီမနက်မှာ အလောင်းကို လမ်းဘေးလာပစ်သွားတာ။”လို့ သေဆုံးသူ ဆရာဝန်နဲ့နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြန်ပေးဆွဲတဲ့သူကိုလည်း ဖမ်းမိထားတယ်လို့သိရပြီး ပြန်ပေးဆွဲသူဟာ သေဆုံးသူရဲ့မိတ်ဆွေတွေထဲက ဆရာဝန်တစ်ဦး ဖြစ်နေကြောင်း၊ ငွေလိုလို့ လူငှားပြီး ကြံမိကြံရာလုပ်လိုက်တာလို့ ပြောဆိုနေတဲ့အကြောင်း နီးစပ်သူတွေက ပြောဆိုပါတယ်။

ဒါပေမယ့် အဲဒီအချက်အပေါ် လူထုနွေဦးက သီခြားအတည်မပြုနိုင်သေးပါဘူး။

မန္တလေးမြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ကျူးလွန်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook