Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲခံရကာ တောင်းတဲ့ကျပ်သိန်းသုံးထောင်ပေးပြီးပြန်ရွေးပေမယ့် သတ်ဖြတ်ခံလိုက်ရဟုဆို

မန္တလေးမြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ကျူးလွန်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

(စစ်တပ်အာဏာသိမ်းအပြီးအစောပိုင်းကာလမှာ မန္တလေးမြို့က ဆန္ဒပြသူများအား လိုက်လံဖြိုခွင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲများ။ ဓာတ်ပုံ - Getty Image)
(စစ်တပ်အာဏာသိမ်းအပြီးအစောပိုင်းကာလမှာ မန္တလေးမြို့က ဆန္ဒပြသူများအား လိုက်လံဖြိုခွင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲများ။ ဓာတ်ပုံ - Getty Image)

▪️ကျူးလွန်သူက မိတ်ဆွေဆရာဝန်လို့ဆို

အင်ကြင်း/People Spring

မန္တလေးမြို့မှာ အသက်(၃၀)အရွယ် လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲခံရပြီး တောင်းရမ်းတဲ့ ကျပ်သိန်းသုံးထောင် လွှဲပေးပြီး ပြန်ရွေးခဲ့ပေမဲ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ အဲဒီဆရာဝန်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က မန္တလေးမြို့၊ ပုဂ္ဂလိကဆေးခန်းတစ်ခုက လူငယ် OG ဆရာဝန်တစ်ဦးကို လူတစ်စုက ဖမ်းဆီးခဲ့ပြီးနောက် သူ့မိသားစုဝင် တွေကို ကျပ်သိန်းသုံးထောင်ပေးရင် ပြန်လွှတ် ပေးမယ်လို့ ဆက်သွယ်လာခဲ့ကြောင်း၊ မိသားစုက သိန်းသုံးထောင်ပေးခဲ့ပေမဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်မနက်ပိုင်းမှာတော့ အဲဒီဆရာဝန်ရဲ့အလောင်းကို မန္ဆလေးမြို့ ကန်တော်ကြီးအနီးမှာ ပြန်လည်တွေ့ရှိခဲ့တာလို့ ဆရာဝန်နဲ့နီးစပ်သူတွေက ပြောပါတယ်။

“ပိုက်ဆံသိန်းသုံးထောင်ကို ဖမ်းသွားတဲ့နေ့ ည‌နေကတည်းက ပေးပြီးသားလို့ပြောတယ်။ အဲဒါ ဒီမနက်မှာ အလောင်းကို လမ်းဘေးလာပစ်သွားတာ။”လို့ သေဆုံးသူ ဆရာဝန်နဲ့နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြန်ပေးဆွဲတဲ့သူကိုလည်း ဖမ်းမိထားတယ်လို့သိရပြီး ပြန်ပေးဆွဲသူဟာ သေဆုံးသူရဲ့မိတ်ဆွေတွေထဲက ဆရာဝန်တစ်ဦး ဖြစ်နေကြောင်း၊ ငွေလိုလို့ လူငှားပြီး ကြံမိကြံရာလုပ်လိုက်တာလို့ ပြောဆိုနေတဲ့အကြောင်း နီးစပ်သူတွေက ပြောဆိုပါတယ်။

ဒါပေမယ့် အဲဒီအချက်အပေါ် လူထုနွေဦးက သီခြားအတည်မပြုနိုင်သေးပါဘူး။

မန္တလေးမြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ကျူးလွန်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း အရန်ရဲတပ်ဖွဲ့ခွဲရုံးအတွင်းက ဝန်ထမ်းလိုင်းခန်းတွေ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

မန္တလေးနဲ့ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လာဖို့ရှိတာမို့ လုံခြုံရေးတွေချပြီး တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ်ကိုစစ်ကောင်စီက ပိတ်ပင်ထားပြီးနောက် လူထုက ဖေ့ဘွတ်ခ်သုံးရာမှာ VPN ကိုကြားခံ အသုံးပြုနေရပါတယ်။

သတင်း

ဒီဆန္ဒပြမှုဓာတ်ပုံတွေထွက်လာပြီးတဲ့နောက် မန္တလေးတောင်နဲ့ မြို့တွင်းတွေပါ စစ်တပ်ကလုံခြုံရေးတွေတင်းကြပ်နေတယ်လို့မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

Facebook