Connect with us

Hi, what are you looking for?

သတင်း

ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်ကာလအတွင်း ကျည်များဖြန်းတီးပစ်ဖောက်မှုမလုပ်ရန် KNDF ဥက္ကဌ မှာကြား

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့်က KNDFတွင် ဗျူဟာ ရှစ်ခု၊ တပ်ရင်း ၃၁ ခုရှိကာ အင်အား တစ်သောင်းနှင့်အထက်ရှိကြောင်း ကရင်နီပြည်နယ်စစ်ရေးလေ့လာသူအချို့က သုံးသပ်ထားသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ (၄)လတာ အခြေခံစစ်သင်တန်းဆင်းပွဲကို ၂၀၂၄ အောက်တိုဘာ ၈ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ- KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၏ (၄)လတာ အခြေခံစစ်သင်တန်းဆင်းပွဲကို ၂၀၂၄ အောက်တိုဘာ ၈ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ- KNDF)

ရဲခေါင်/People’s Spring

လာမည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်ကာလအတွင်း အများပြည်သူ လှူဒါန်းသည့်ကျည်များအား ဖြန်းတီးပစ်ဖောက်မှုမလုပ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဥက္ကဌ ခွန်းဘီထူးက ညွှန်ကြားထားသည်။

အဆိုပါ ညွှန်ကြားချက်ကို KNDF ဗဟိုဌာန၊ဗျူဟာ၊တပ်ရင်း၊ တပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည်ဟု ဆိုသည်။

“တပ်ဖွဲ့အတွင်းမှာ KNDF ဥက္ကဌကနေပြီး ညွှန်ကြားစာ ဖြစ်ပါတယ်။ဒီလိုမျိုး ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ လက်နက်ခဲယမ်းဖောက်တာတွေ တားမြစ်ထားတဲ့ ညွှန်ကြားစာဖြစ်ပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

အများပြည်သူလှူဒါန်းသည့် ကျည်များကို စစ်ရေးအတွက် အဓိကအသုံးပြုရန်၊အများပြည်သူလှူဒါန်းသည့် ကျည်ဆံများကို ဖြန်းတီးပစ်ခတ်မှုမလုပ်ရန်၊ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်အတွင်း သေနတ်ပစ်ဖောက်မှုလုံးဝ မပြုလုပ်ရန် ညွှန်ကြားစာ၌ ပါရှိသည်။

အမိန့်ညွှန်ကြားစာပါအချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဟုလည်း အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့်က KNDFတွင် ဗျူဟာ ရှစ်ခု၊ တပ်ရင်း ၃၁ ခုရှိကာ အင်အား တစ်သောင်းနှင့်အထက်ရှိကြောင်း ကရင်နီပြည်နယ်စစ်ရေးလေ့လာသူအချို့က သုံးသပ်ထားသည်။

လက်ရှိ စစ်ကောင်စီ၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ကို ခုခံနေရသော ကရင်နီပြည်နယ်အတွက် “စုပေါင်းကူညီထောက်ပို့ကျည်” နှင့် “ကျည်-Ammo ” ကမ်းပိန် ပြုလုပ်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။