Connect with us

Hi, what are you looking for?

သတင်း

အဓမ္မစုဆောင်းခံရသည့် စစ်သားသစ် ၄ဦး လက်နက်များယူလာပြီး KNDF ထံ ခိုလှုံ

စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသော တပ်သား (၄) ဦး သည် MA-1 သေနတ် (၃) လက်ယူဆောင်လာခဲ့ကြောင်း KNDFက အသိပေးသည်။

(စစ်သားသစ်စု​ဆောင်းခံရသူ ၄ ဦး KNDF ထံလက်နက်နှင့် တကွခိုလှုံ့လာစဥ်။ဓါတ်ပုံ-KNDF)
(စစ်သားသစ်စု​ဆောင်းခံရသူ ၄ ဦး KNDF ထံလက်နက်နှင့် တကွခိုလှုံ့လာစဥ်။ဓါတ်ပုံ-KNDF)

ထားမြတ်/ People’s Spring

စစ်ကောင်စီ၏ တပ်သား သစ် ၄ဦးသည် လက်နက်များ ယူလာပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံ ဘက်ပြောင်းခိုလှုံလာကြောင်း KNDFက ယနေ့ အသိပေးထုတ်ပြန်သည်။

အဆိုပါ တပ်သားသစ် ၄ဦးသည် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းခေါင်းစဉ်ဖြင့် အဓမ္မစုဆောင်းခံရသူများဖြစ်ပြီး ကရင်နီပြည် ရှေ့တန်းနယ်မြေတစ်ခုတွင် ဒီဇင်ဘာ ၁၁ရက်တွင် ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသော တပ်သား (၄) ဦး သည် MA-1 သေနတ် (၃) လက်ယူဆောင်လာခဲ့ကြောင်း KNDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

(စစ်သားသစ်စု​ဆောင်းခံရသူ ၄ ဦး KNDF ထံလက်နက်နှင့် တကွခိုလှုံ့လာစဥ်။ဓါတ်ပုံ-KNDF)
(စစ်သားသစ်စု​ဆောင်းခံရသူ ၄ ဦး KNDF ထံလက်နက်နှင့် တကွခိုလှုံ့လာစဥ်။ဓါတ်ပုံ-KNDF)

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအနေဖြင့် အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးနှင့် လူတစ်စုကောင်းစားရေးအတွက်ပေးဆပ်လုပ်ကိုင်နေသောဘဝမျိုး မပြုလုပ်ရန် KNDFက တိုက်တွန်းသည်။ ထို့ပြင် ပြည်သူအပေါ် ကျောခိုင်းခြင်းမျိုး မပြုလုပ်ကြဘဲ လွတ်လပ်မျှတသော စနစ်တစ်ခုအမြန်ပေါ်ထွန်းနိုင်ရေး ပြည်သူသို့မျက်နှာမှု၍ ယုံကြည်စွာဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံကြရန်လည်းKNDFကတိုက်တွန်းထားသည်။

ကရင်နီပြည်တွင် ယခုရက်ပိုင်းအတွင်း လွိုင်​ကော် ၊ မိုးမြဲ မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား​နေသည်။

စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေအရ နိုင်ငံတဝန်း ပြည်သူများကို စစ်သားစုဆောင်း စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်လျက်ရှိရာ တိုက်ပွဲများ၌ သေဆုံးထိခိုက် အဖမ်းခံရခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ ကူးပြောင်းခိုလှုံခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့များက ဒေသ အသီးသီးရှိ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလျက်ရှိရာ နိုဝင်ဘာလအတွင်း ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်သား ၃၃ဦး ပြည်သူ့ဘက် ကူးပြောင်းလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း စစ်မျက်နှာများ၌ အထိနာပြီး စစ်သားအင်အား ပြုန်းတီးနေသည့် အခြေအနေတွင် ၎င်းတို့ ထိန်းချုပ်ရာဒေသများရှိ ပြည်သူလူထုများကို ပေါ်တာစွဲခြင်း၊ အဓမ္မ ဖမ်းဆီး စစ်သင်တန်းတက် စစ်မှုထမ်းစေခြင်း စသည်တို့ကို ဒေသ အသီးသီးတွင် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင်လည်း နိုဝင်ဘာ လလယ်ပိုင်းက စစ်ကောင်စီ တပ်သားသစ် ၆ ဦးသည် လက်နက်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းထံ အလင်းဝင်ခဲ့သည်။ အလင်းဝင်ခဲ့သူများသည် စစ်မှုထမ်း အပတ်စဉ် (၁)နှင် (၂)မှ တပ်သားသစ်များ ဖြစ်ပြီး ရေဖြူအခြေစိုက် ခလရ(၂၇၃) တပ်ရင်းက ဖြစ်သည်ဟုဆိုသည်။

(စစ်သားသစ်စု​ဆောင်းခံရသူ ၄ ဦး KNDF ထံလက်နက်နှင့် တကွခိုလှုံ့လာစဥ်။ဓါတ်ပုံ-KNDF)
(စစ်သားသစ်စု​ဆောင်းခံရသူ ၄ ဦး KNDF ထံလက်နက်နှင့် တကွခိုလှုံ့လာစဥ်။ဓါတ်ပုံ-KNDF)

စစ်ကောင်စီက အဓမ္မ စစ်သား စုဆောင်းထားသူများကို ရှေ့တန်းနယ်မြေများ၌ အသုံးပြုလာ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ အသုံးချမှုကို လက်မခံဘဲ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်ပူးပေါင်းကြရန် ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုက တိုက်တွန်းသည်။

“အကြမ်းဖက် မင်းအောင်လှိုင်ကတော့ မဟုတ်တဲ့နည်းနဲ့ စည်းရုံးပြီးတော့ လုပ်ဆောင်နေတာ အများကြီး ရှိသလို ပြည်သူကို ပြည်သူချင်း ပြန်ပြီး အိုးမဲသုတ်ပြီး လက်နက်ကိုင်ပြီး တိုက်ခိုင်းတဲ့သဘော သက်ရောက်မှုရှိတယ်။ အဲဒါကြောင့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းမှာ လာရောက်ပြီး ကျနော်တို့နဲ့ ပူးပေါင်းပေးဖို့ အဲဒါ တိုက်တွန်းချင်ပါတယ်။ နိုင်ငံတဝန်းလုံးမှာ အကြမ်းဖက် စစ်ကောင်စီက ပြည်သူတွေကို ပြန်ပေးဆွဲအတင်း အဓမ္မ စစ်သားစုဆောင်းပြီး အခုလိုမျိုး လုပ်နေတာတွေကိုလည်း ပြည်သူတွေ အနေနဲ့ လက်မခံဖို့ပေါ့”ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

တပ်သားသစ်စုဆောင်းခံရသူများအပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုသော တပ်မတော်သားများနှင့် ရဲများ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါန တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ချိတ်ဆက်ကာ အလင်းဝင်ရောက်ရန်လည်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။