Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့ပေါ်တွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

(ဆားလင်းကြီးမြို့ပေါ်ရှိ စစ်အုပ်စုအား တော်လှန်ရေးရဲဘော်များ တိုက်ခိုက်နေစဥ်။ဓာတ်ပုံ - File)
(ဆားလင်းကြီးမြို့ပေါ်ရှိ စစ်အုပ်စုအား တော်လှန်ရေးရဲဘော်များ တိုက်ခိုက်နေစဥ်။ဓာတ်ပုံ - File)

ဇေအောင်/People’s Spring

ဒီဇင်ဘာ ၁၉ ရက်က ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်ချထားသော မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အခြားနှစ်နေရာခုအား တော်လှန်ရေးအဖွဲ့များစုပေါင်း၍ နံနက် ၈နာရီခန့်ကစ၍ နေ့လယ် ၁နာရီခွဲခန့်အထိ ၅နာရီခန့်ကြာတိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)၏ ဦးဆောင်သူ ဦးဗိုက်က ပြောသည်။

“သူတို့ဘက်က အထိခိုက်တော့မသိရသေးဘူး။ သူတို့က ဒရုန်းနဲ့တွေနဲ့စချတာ။ စက်လက်တွေ ၆၀ တွေနဲ့လည်း ထုတယ်။ အထဲကနေ မထွက်တော့ဘဲ ဒရုန်းနဲ့အရင်လိုက်ချတာ။ ပြည်သူထိခိုက်မှုတော့မရှိဘူး။”ဟု ဦးဗိုက်က ပြောသည်။

(ဆားလင်းကြီးမြို့ပေါ်ရှိ စစ်အုပ်စုအား တော်လှန်ရေးရဲဘော်များ တိုက်ခိုက်နေစဥ်။ဓာတ်ပုံ - File)
(ဆားလင်းကြီးမြို့ပေါ်ရှိ စစ်အုပ်စုအား တော်လှန်ရေးရဲဘော်များ တိုက်ခိုက်နေစဥ်။ဓာတ်ပုံ – File)

စစ်ကောင်စီတပ်က ပြည်သူများ၏နေအိမ်များအား မီးရှို့၍ နေအိမ် ၄လုံး မီးလောင်ကျွမ်းခဲ့ပြီး တော်လှန်ရေးအဖွဲ့များ ဝင်ရောက်မီးငြှိမ်းသတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအဖွဲ့များဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ဆားလင်းကြီးမြို့တွင် စစ်ကောင်စီအုပ်စုက မြို့ပေါ်တပ်စွဲရာနေရာအချို့၌သာရှိပြီး ပြင်ပနေရာများ မသွားလာတော့ဟု ဒေသခံအချို့က ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း၃၅၊တပ်ခွဲ၃တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi)၊ 5/Fighter Group၊ SOlOအောင်ကြီး(Salingyi)၊ Royal Broher Forces၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊SPDF Droneအဖွဲ့၊ တော့ဘုရင်ဗိုလ်ယက္ခ၊ ချင်းတွင်းကာကွယ်ရေး(CDF)၊ ဖီးနစ်၊ ခေါင်းသမာန်(G.Z)၊ အညာသားကြီး၊ မျိုးဆက်သစ်၊

မုံရွာခရိုင်တပ်ရင်း ၂၃၊ အာဏာရှင်တော်လှန်ရေး၊ တောသားကြီး၊ fighter. 9၊အညာမြေဝေကြီး၊ BAD. TlGERS၊ ပြည်သူ အားလုံးရဲ့ PK Drone အဖွဲ့၊ မုံရွာ အကျဥ်းဦးစီးဌာန၊ ကမြင်းနီ PDF၊ ဒေါင်းဖိုက်တာ၊ ပျောက်ကြား၊ နောင်ကြီး၊.ရိုးမရာဇာ(ဆားလင်းကြီး စစ်ကြောင်း)၊ BNRA ခွဲ (၃)၊ North PDF၊

M.7.(PDF)(ဆားလင်းကြီး စစ်ကြောင်း)စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ရန် ကျည်ဖိုးပါဝင်ထောက်ကူနိုင်ကြောင်းလည်း ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Salingyi)က မေတ္တာရပ်ခံသည်။

ဆားလင်းကြီးမြို့ပေါ်ရှိ စစ်အုပ်စုကို ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နှင့် နိုဝင်ဘာ ၂၁ ရက်ကလည်း တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်ထိခိုက်မှုရှိခဲ့သည်။

ဆားလင်းကြီးမြို့သည် မုံရွာမြို့၏ တောင်ဘက်၊ ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း