Connect with us

Hi, what are you looking for?

သတင်း

အောင်သပြေဂူကုန်းပေါ်မှစစ်တပ်စခန်းကိုကရင်နီပူး​ပေါင်းတပ်တိုက်ခိုက် စစ်သား၉ ဦး​သေ၊ ၄ဦးဖမ်မိ

လွိုင်ကော်မြို့နှင့် ၈ မိုင်ခန့်အကွာ လွိုင်ကော်-ဆီဆိုင် ကားလမ်းဘေးရှိ အောင်သပြေဂူ ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကို ကရင်နီပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

■ ​သေနတ် ၁၂ လက်သိမ်းဆည်းရရှိ

ရဲခေါင်/People’s Spring

လွိုင်ကော်မြို့နှင့် ၈ မိုင်ခန့်အကွာ လွိုင်ကော်-ဆီဆိုင် ကားလမ်းဘေးရှိ အောင်သပြေဂူ ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကို ကရင်နီပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ခဲ့သော တိုက်ပွဲ၌ စစ််ကောင်စီဘက်မှဗိုလ် (၁)ဦး၊ တပ်ကြပ် (၁)ဦး အပါအဝင် တပ်သားအဆင့် (၉)ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၄)ဦးဖမ်းမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်သည်။

(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

ထို့အပြင် MA-1 (၇)လက်၊ MA-11(၄)လက် နှင့် MA-3 (၁)လက် စုစုပေါင်း သေနတ် (၁၂)လက် သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဆီဆိုင်ဘက်ကနေ စစ်ကြောင်းထိုးတဲ့အချိန်ကစလို့ တပ်စွဲလိုက်တဲ့ လွိုင်ကော် နဲ့ ဆီဆိုင်လမ်းမပေါ်က ကာကင်းစခန်းတစ်ခု ပါ။တိုက်ပွဲက တစ်နာရီကျော် လောက်ဖြစ်ပွားခဲ့ပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာအမှတ်-၂၊ KNDF တပ်ရင်းအမှတ်- ၂၊ KNDF တပ်ရင်းအမှတ်- ၁၄၊ KNDF UAV နှင့်Loikaw PDF တို့ ပူးပေါင်းသည့် တိုက်ပွဲတွင် ရဲဘော်တစ်ဦး မစိုးရိမ် ရသည့် ကျည်ဆံထိမှန်မှုသာရှိခဲ့သည်ဟုလည်း သိရသည်။

“ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေကတော့ လတ်တ လောစစ်ကောင်စီရဲ့ လွိုင်ကော်မြို့ပတ်ပတ်လည်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝပ်ကင်းတွေ ကာကင်းတွေ ကုန်းစခန်းတွေကို ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်နေပါတယ်”ဟု KNDF ပြန်ကြားရေးတာဝန်ခံ သာအယ်စိုးက လူထုနွေဦးသို့ပြောသည်။

(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

ကရင်နီပြည်နယ်၌ စစ်ကောင်စီသည် လွိုင်ကော်မြို့မှတဆင့်အခြားနေရာဒေသများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လျက်ရှိနေပြီး ပြည်သူလူထုအနေဖြင့် အခြေအနေအား အမြဲမပြတ်နားစွင့်ထားရန် KNDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ် -ဟားခါး(CDF - Hakha) ဆီအာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်မ ၇၇ လက်အောက်ခံတပ်က တပ်သားနှစ်ဦး ဘက်ပြောင်းလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့ ရဲ့ ဖော်ပြချက်အရသိရပါတယ်။

Facebook