Connect with us

Hi, what are you looking for?

သတင်း

အောင်သပြေဂူကုန်းပေါ်မှစစ်တပ်စခန်းကိုကရင်နီပူး​ပေါင်းတပ်တိုက်ခိုက် စစ်သား၉ ဦး​သေ၊ ၄ဦးဖမ်မိ

လွိုင်ကော်မြို့နှင့် ၈ မိုင်ခန့်အကွာ လွိုင်ကော်-ဆီဆိုင် ကားလမ်းဘေးရှိ အောင်သပြေဂူ ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကို ကရင်နီပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

■ ​သေနတ် ၁၂ လက်သိမ်းဆည်းရရှိ

ရဲခေါင်/People’s Spring

လွိုင်ကော်မြို့နှင့် ၈ မိုင်ခန့်အကွာ လွိုင်ကော်-ဆီဆိုင် ကားလမ်းဘေးရှိ အောင်သပြေဂူ ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းကို ကရင်နီပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ခဲ့သော တိုက်ပွဲ၌ စစ််ကောင်စီဘက်မှဗိုလ် (၁)ဦး၊ တပ်ကြပ် (၁)ဦး အပါအဝင် တပ်သားအဆင့် (၉)ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၄)ဦးဖမ်းမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်သည်။

(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

ထို့အပြင် MA-1 (၇)လက်၊ MA-11(၄)လက် နှင့် MA-3 (၁)လက် စုစုပေါင်း သေနတ် (၁၂)လက် သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဆီဆိုင်ဘက်ကနေ စစ်ကြောင်းထိုးတဲ့အချိန်ကစလို့ တပ်စွဲလိုက်တဲ့ လွိုင်ကော် နဲ့ ဆီဆိုင်လမ်းမပေါ်က ကာကင်းစခန်းတစ်ခု ပါ။တိုက်ပွဲက တစ်နာရီကျော် လောက်ဖြစ်ပွားခဲ့ပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာအမှတ်-၂၊ KNDF တပ်ရင်းအမှတ်- ၂၊ KNDF တပ်ရင်းအမှတ်- ၁၄၊ KNDF UAV နှင့်Loikaw PDF တို့ ပူးပေါင်းသည့် တိုက်ပွဲတွင် ရဲဘော်တစ်ဦး မစိုးရိမ် ရသည့် ကျည်ဆံထိမှန်မှုသာရှိခဲ့သည်ဟုလည်း သိရသည်။

“ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေကတော့ လတ်တ လောစစ်ကောင်စီရဲ့ လွိုင်ကော်မြို့ပတ်ပတ်လည်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝပ်ကင်းတွေ ကာကင်းတွေ ကုန်းစခန်းတွေကို ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်နေပါတယ်”ဟု KNDF ပြန်ကြားရေးတာဝန်ခံ သာအယ်စိုးက လူထုနွေဦးသို့ပြောသည်။

(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)
(သိမ်းဆည်းရရှိ​သောလက်နက် ၊ ဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း များနှင့် ကရင်နီပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNDF)

ကရင်နီပြည်နယ်၌ စစ်ကောင်စီသည် လွိုင်ကော်မြို့မှတဆင့်အခြားနေရာဒေသများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လျက်ရှိနေပြီး ပြည်သူလူထုအနေဖြင့် အခြေအနေအား အမြဲမပြတ်နားစွင့်ထားရန် KNDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။