Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့အနီး တိုက်ပွဲဖြစ်နေ

ယနေ့(ဒီဇင်ဘာ ၁၈ ရက်)နံနက်ပိုင်းကစ၍ လွိုင်ကော်မြို့အဝင် ကျောက်ကြီးရွာနှင့် လယ်ထွဲကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခြင်းဟု ဆိုသည်။

(လွိုင်ကော်မြို့အခြေပြု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း −၂ မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ − KNDF BO2)
(လွိုင်ကော်မြို့အခြေပြု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း −၂ မှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ − KNDF BO2)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီး တိုက်ပွဲပြင်းထန်နေကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၈ ရက်)နံနက်ပိုင်းကစ၍ လွိုင်ကော်မြို့အဝင် ကျောက်ကြီးရွာနှင့် လယ်ထွဲကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခြင်းဟု ဆိုသည်။

“တိုက်ပွဲတွေက မိုးဗြဲ – လွိုင်ကော် လမ်းမကြီး နဲ့ နီးတယ်။သိရသလောက်တော့ စစ်ကောင်စီစစ် ကြောင်းတွေ ပြန်လှုပ်ရှားလာလို့ပဲ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လွိုင်ကော်မြို့အနီး ယနေ့ ဖြစ်ပွားနေသည့် တိုက်ပွဲနှင့်ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

“၅၄အမြှောက်တပ်ကနေ လယ်ထွဲ ၊ပကြဲစံပြဖက်ကို လက်နက်ကြီးအဆက်မပြတ်ထုနေတယ်။ပြီးတော့ ကျောက်ကြီးတောင်၊ မြောက်ရွာ ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်”ဟု ကရင်နီဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ နောက်ဆုံးပတ်နှင့် ယခု ဒီဇင်ဘာပထမပတ်တို့တွင် လွိုင်ကော်မြိုအဝင်၊ မြို့အထွက်ရှိ စစ်ကောင်စီ ကင်းပုန်းအချို့ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများသေဆုံးပြီး လက်နက်များကို KNDF က ရရှိထားသည်။

ထို့အပြင် တိုက်ခိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်နေကြသော လွိုင်ကော်မြို့ရှိ နေအိမ်များနှင့် ဆိုင်ခန်းပိုင်ရှင်များ ပြန်လည်ဖွင့်လှစ်နေထိုင်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြန်လည်ဖွင့်လှစ်နေထိုင်ခြင်းမရှိပါက ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဟု စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်နေသည်ဟုလည်း ဆိုသည်။

လွိုင်ကော်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်များ ပြန်လည်ထိုးစစ်ဆင်မှုကိုစောင့်ကြည်ရန် အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းအစပ်ရှိ ဆီဆိုင်နှင့် မိုးဗြဲမြို့များမှ စစ်ကောင်စီတပ်က မြေပြင်အင်အား ဖြည့်တင်းရန် လွိုင်ကော်မြို့အဝင်၊အထွက် နေရာများတွင် ကင်းပုန်းများနှင့် ဝပ်ကင်းများချထားသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ကရင်နီပြည်ကို ပြန်လည်ထိုး စစ်ဆင်မှုကို နှစ်ဆင့်တွေ့ရသည်။ယခုနှစ် မေနှင့် ဇွန်လ တို့တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှ ကရင်နီပြည် လွိုင်ကော်မြို့သို့ မြေပြင်နှင့် ဝေဟင် ပူးတွဲ စစ်ကြောင်းစထိုးခဲ့သည်။ထိုစစ်ကြောင်းသည် လွိုင်ကော် အခြေစိုက်တပ်များနှင့် ဇူလိုင်အတွင်းပေါင်းစပ်နိုင်ခဲ့ပြီး ကရင်နီတပ်ပေါင်းစုများ၏ ထိန်းချုပ်နေရာအချို့ကို ပြန်လည်ရယူနိုင်ခဲ့သလို လွိုင်ကော်မြို့ကိုပါ စစ်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်ရန် ကြိုပမ်းနေသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်ကို ထိန်းချုပ်ရေးအတွက် ယခုနှစ်နှစ်လယ်ပိုင်းကစ၍ ဆီဆိုင်-လွိုင်ကော် နှင့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ -လွိုင်ကော်လမ်းပိုင်းများမှ မြေပြင်စစ် အင်အား ၃,၀၀၀ခန့် ဖြည့်ဆည်းထားသည်။

နိုဝင်ဘာ ၂၆ ရက်က မိုးဗြဲ နှင့်လွိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်ရန်ကြိုးစားသည့် စစ်ကောင်စီ ၏ တပ်မ(၆၆)လက်အောက်ခံ ခလရ(၈၀) တပ်ရင်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၆ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီတပ်သားငါးဦး ဖမ်းမိခဲ့ပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး

သတင်း

မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီဘက်မှဝါဒဖြန့်မှုသည် သတင်းမမှန်ဘဲ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ် ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။