Connect with us

Hi, what are you looking for?

သတင်း

ထိုင်းက မြန်မာအတွက် ကာလဝမ်းရောဂါ ဆေးဝါးတွေ ထောက်ပံ့ပေးပို့

ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနဟာ အိမ်နီးချင်း မြန်မာနိုင်ငံဆီ ကာလဝမ်းရောဂါဆိုင်ရာ ဆေးဝါးတွေ ထောက်ပံ့ ပေးပို့ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနဟာ အိမ်နီးချင်း မြန်မာနိုင်ငံဆီ ကာလဝမ်းရောဂါဆိုင်ရာ ဆေးဝါးတွေ ထောက်ပံ့ ပေးပို့ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနဲ့ နယ်စပ်ထိစပ်ရာ မြဝတီ မြို့နယ်ထဲမှာရှိတဲ့ ရွှေကုက္ကိုမြို့မှာ ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၃၀၀ ထက်မနည်း တွေ့ရှိထားပြီး ထိုင်းဖက်ခြမ်းမှာလည်း ဒီဇင်ဘာ ၂၅ ရက်နေ့ထိ အခြေအနေအရ ပိုးတွေ့လူနာ ၄ ဦးထိ စိစစ် အတည်ပြုထားနိုင်ပါတယ်။ ၄ ယောက်စလုံးဟာ မဲဆောက်မှာဖြစ်ပြီး မြန်မာ ၂ ဦးနဲ့ ထိုင်း၂ ဦးပါ။

မြန်မာရဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေနဲ့ ရခိုင်ပြည်နယ်ထဲမှာလည်း ကာလဝမ်းရောဂါ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ထိုင်းပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အခုသီတင်းပတ်မှာတော့ ထိုင်းဟာ ကာလဝမ်းရောဂါ လူနာ ၂၄၀၀ လောက်ကို ကုသနိုင်ဖို့ လုံလောက်မယ့် ဆေးပြား ၂၄၀၀၀၊ လူ ၁၅၀၀ နီးပါး အတွက် ကာလဝမ်းရောဂါ ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး ယူနစ် နောက်ထပ် ၃၅၀၀ ကိုလည်း လာမယ့်သီတင်းပတ်မှာ ပေးပို့ဖို့ စီစဉ်ထားပါတယ်။ အဲဒီ ကာကွယ်ဆေးတွေဟာ ကာလဝမ်းရောဂါ ကူးစက်မှုကို ဟန့်တားနိုင်တဲ့ ကိုယ်ခံစွမ်းအားမျိုး ၆ လစာလောက် ရရှိစေမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံရဲ့ ဒေသအနှံ့မှာတော့ စုစုပေါင်း ကာလဝမ်းရောဂါ ခံစားရသူ ၇၀၀၀ လောက်ထိ ရှိနှင့်ခဲ့ပြီးပြီလို့လည်း ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ခန့်မှန်းခဲ့ပါတယ်။

ထိုင်းအစိုးရက မြန်မာဖက်ခြမ်းကနေ ကာလဝမ်းရောဂါ ပျံ့နှံ့လာမယ့် အခြေအနေတွေကို လျှော့ချဖို့အတွက် နယ်စပ်မှာ အစစ်အဆေး အစီအမံတချို့ ပိုတင်းကျပ်ခဲ့ပြီး ပြည်သူတွေ အနေနဲ့လည်း သားငါး သီးနှံတွေကို သေချာကျက်အောက် ချက်ပြုတ် စားသောက်ကြဖို့ နှိုးဆော်ထားပါတယ်။

ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျှောက် တောလမ်းတွေမှာ မြန်မာဖက်က ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို ပိုပြီး အလေးထား စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ရွှေကုက္ကိုနဲ့ ထိစပ်ရာ တက်ခ်ပြည်နယ်ထဲမှာတော့ ကာလဝမ်းရောဂါ တားဆီးရေး ပညာပေး လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေသလို လက်ဆေးဖို့၊ အစားအသောက်တွေကို လက်နဲ့ စားမယ့်အစား သန့်ရှင်းတဲ့ ဇွန်း၊ ခက်ရင်းတွေ အသုံးပြုဖို့ တာဝန်ရှိသူတွေက လိုက်လံ ဆော်ဩနေတယ်လို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။