Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်ခေါင်မှာ ရှစ်ရက်အတွင် သုံးကြိမ်ဓားပြတိုက်ခံရ

မန္တလေးမြို့မှာ ရပ်ကွက်လူမိုက်တွေကို စစ်တပ်က ပျူစောထီးဖွဲ့စည်းပြီး လက်နက်တွေတပ်ဆင်ပေးပြီးတဲ့နောက် ယခုလိုမြို့လယ်ခေါင်တွေမှာ ဆက်တိုက် ဓားပြတိုက်မှုတွေဖြစ်နေတာပါ။

(ဓါးပြတိုက်ခံရသည့် နဂါးနန်းတော်ရွှေဆိုင် အား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)
(ဓါးပြတိုက်ခံရသည့် နဂါးနန်းတော်ရွှေဆိုင် အား တွေ့ရစဉ်။ ဓာတ်ပုံ - စကစ)

အင်ကြင်း၊ရှိုင်း/People’s Spring

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က နဂါးနန်းတော်ရွှေဆိုင် ဒီနေ့မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေတစ်ပိသာပါသွားပြီး ရှစ်ရက်အတွင်း သုံးကြိမ်ဓါးပြတိုက်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ၂၆ရက် ဒီကနေ့မနက် ၉နာရီထိုးခါနီးအချိန်မှာ ဆိုင်ကယ်တစီးနဲ့လူနှစ်ယောက် သေနတ်အတို၊အရှည်တွေကိုင်ပြီး ရွှေဆိုင်ကို ဓားပြတိုက်ခဲ့တာလို့ သိရပါတယ်။

နဂါးနန်းတော်ရွှေဆိုင်ဟာ ၇၇လမ်း၊၃၂လမ်းနဲ့၃၃လမ်းကြားမှာရှိပြီး အနီးမှာ Diamond Plazaရှိတာကြောင့် လူစည်ကားတဲ့ မြို့လယ်ခေါင်ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“စစ်သားတွေတော့ တွေ့ခဲ့တယ်။သေနတ်အရှည်ကိုင်ပြီး ပြောင်ပြောင်တင်းတင်းဝင်တိုက်သွားတာတဲ့။မြို့ထဲသေနတ်ရှည်ကိုင်ရဲတဲ့သူက သူတို့လူ(စကစ)တွေပဲရှိတာပဲ “လို့ မြို့ခံတစ်ဦးက မှတ်ချက်ပေးပါတယ်။

လာရောက်ဓါးပြတိုက်သူတွေဟာ 110 ဆိုင်ကယ်စိမ်းဖြူရောင်နဲ့ ရောက်လာပြီး သေနတ်အတို ၁လက်၊အရှည် ၁ လက်​ ကိုင်ဆောင်ထားကာ ရွှေ တစ်ပိဿာကျော် ယူဆောင်သွားတာလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ ရေးထားပါတယ်။

“ဓါးပြတိုက်ခံရပြီးတော့ အဲဒီရွှေဆိုင်ကို စကစတွေဝင်လာတယ်။ အင်အားများတယ်။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၃ လမ်း၊ ၆၄လမ်းနဲ့ ၆၅ လမ်းကြားက ဆင်ဖြူတော် ငွေလွှဲလုပ်ငန်း ဓါးပြတိုက်ခံရပြီးကျပ်သိန်း ၇၀၀နဲ့ ကားတစ်စီးအား ယူသွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။

ဒီဇင်ဘာ ၁၈ရက်နေ့ကလည်း အကယ်ဒမီရွှေဆိုင်ဓားပြတိုက်ခံခဲ့ရပြီး အခုဓားပြတိုက်ခံရတဲ့ ရွှေဆိုင်နဲ့နေရာသိပ်မဝေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇လမ်းမပေါ်၊ ၃၆ လမ်းနဲ့ ၃၇လမ်းကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရတဲ့ ဖြစ်စဉ်ဟာ ကျပ်သိန်းသုံးသောင်းကျော်တန်ဖိုးရှိတဲ့ ရွှေ ၄ ပိဿာခန့် ဆုံးရှုံးခဲ့ပါတယ်။

မန္တလေးမြို့မှာ ယခုတစ်ကြိမ်နဲ့ဆို ရှစ်ရက်အတွင်းမှာ သုံးကြိမ်မြောက်ဓားပြတိုက်ခံနေရတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ရပ်ကွက်လူမိုက်တွေကို စစ်တပ်က ပျူစောထီးဖွဲ့စည်းပြီး လက်နက်တွေတပ်ဆင်ပေးပြီးတဲ့နောက် ယခုလိုမြို့လယ်ခေါင်တွေမှာ ဆက်တိုက် ဓားပြတိုက်မှုတွေဖြစ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ဆီဆိုင်ရှေ့ ညအိပ်ရပ်နားထားတဲ့ တွဲကားတစ်စီးကို လူ ၃ဦးက ငှက်ကြီးတောင်ဓါးနဲ့ ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထား ဓားပြတိုက်မှုတွေအတွက် ရဲအရာရှိ တစ်ဦးအပါအဝင် လူ ၆ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။v

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က မေစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ဧပြီ ၇ရက် မနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က အထည်ချုပ်စက်ရုံတစ်ရုံကို စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၂ဦးက ဝင်စစ်ဆေးတဲ့ ပုံစံသုံးပြီး ကျပ်သိန်း ၂ထောင်ကျော် ဓားပြတိုက်သွားတယ်လို့ ဒေသခံနဲ့ စက်ရုံဝန်းထမ်းအချို့က ပြောပါတယ်။