Connect with us

Hi, what are you looking for?

သတင်း

ဂွမြို့ရှိစစ်ကောင်စီအခြေစိုက်စခန်းအားလုံးကိုAA အပြီးသတ် ရှင်းလင်းသိမ်းပိုက်

ဂွမြို့သိမ်းပိုက်နိုင်သည့် သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးခိုင်သုခက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

AA တပ်ဖွဲ့ဝင်များ
AA တပ်ဖွဲ့ဝင်များ

■ထွက်ပြေးစစ်ကောင်စီတပ်များကို လိုက်လံချေမှုန်းနေသကဲ့သို့ စစ်ကောင်စီ စစ်ကူတပ်များဂွမြို့ အနီး ပြန်ဝင်ရန် ကြိုးစားနေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေဟု ဦးခိုင်သုခ​ပြော

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် ဂွမြို့အခြေစိုက်စစ်ကောင်စီ တပ်စခန်းအားလုံးကို ယနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လည်ပိုင်း၌ အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

ဂွမြို့သိမ်းပိုက်နိုင်သည့် သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဦးခိုင်သုခက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဂွမြို့ကနေ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကျနော်တို့အာရက္ခတပ်တော်ကလိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကလည်း စစ်ကူအင်အားများ ထပ်ဖြည့်ပြီး ဂွမြို့အနီး ပြန်ဝင်ရောက်ရန် ကြိုးစားနေကြောင်း ၎င်းကဆိုသည်။

ဂွမြို့အနီး ​ကျေးရွာများမီး​လောင်​နေစဥ်
ဂွမြို့အနီး ​ကျေးရွာများမီး​လောင်​နေစဥ်

ထို့ကြောင့် တချို့နေရာများ၌ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြေီးစစ်ကောင်စီကလည်းလေကြောင်းတိုက်ခိုက်ဗုံးကြဲမှုများ ရှိနေသည်ဟုဆိုသည်။

“ရေတပ်ကလည်းပဲ ဧရာဝတီတိုင်း ၊ ကမ်းသာယာကမ်းခြေအနီးရေပြင်ထက်မှ ရေကြောင်းပစ်ကူ လက်နက်ကြီးတွေနှင့်တောက်လျောက်ပစ်ခတ်နေတာတွေရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

AA အနေဖြင့် ဂွမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်၍ ရခိုင်ပြည်နယ် ၁၇မြို့နယ်ရှိသည့်အနက် ၁၄မြို့နယ်ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

မြို့အဝင်ဆိုင်းဘုတ်
မြို့အဝင်ဆိုင်းဘုတ်

AA အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံး သိမ်းပိုက်မည်ဟု အသိပေးထားရာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ်များသာ ကျန်ရှိနေပြီး စစ်တွေနှင့် ကျောက်ဖြူမြို့နယ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၊လတ်တ​လော စစ်​တွေတွင်တိုက်ပွဲဖြစ်ပွား​နေသည်။

ရက္ခိုင်ရှိ စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်ဖြစ်သော အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AAက ဒီဇင်ဘာ ၂၀ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ နပခ တိုက်ပွဲတွင် စစ်ကောင်စီ ဒုတိုင်းမှူး အပါအဝင် အရာရှိစစ်သည်များစွာ ဖမ်းမိခဲ့သည်။ ဖမ်းမိသူများအနက် နပခ စစ်တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းလည်း ပါဝင်ရာ ၎င်းက စစ်ကောင်စီခေါင်းဆောင်များအနေဖြင့် ရက္ခိုင်၌ စစ်ရှုံးနေသည်ကို လက်ခံရန်၊ ကျန်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မှ အရာရှိ စစ်သည်များအနေဖြင့်လည်း AAထံ အမြန်ဆုံးလက်နက်ချ အလင်းဝင်ရန် တိုက်တွန်းထားသည်။

စစ်တပ်တပ်ရင်းနှစ်ခု ​မြေပုံ
စစ်တပ်တပ်ရင်းနှစ်ခု ​မြေပုံ

AAသည် ချင်းပြည်နယ် ပလက်၀မြို့ကိုလည်း သိမ်းပိုက်ထားရာ မြို့နယ် ၁၅ခုကို စစ်ဆင်ရေး တစ်နှစ်ကျော်အတွင်း သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ ယခု ဒီဇင်ဘာလတွင်မူ နပခ စစ်တိုင်း အခြေစိုက်ရာ အမ်းမြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ကို အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

(AA တပ်ဖွဲ့ဝင်များ /ဂွမြို့အနီး ​ကျေးရွာများမီး​လောင်​နေစဥ် / မြို့အဝင်ဆိုင်းဘုတ် နှင့် စစ်တပ်တပ်ရင်းနှစ်ခု ​မြေပုံ။ ဓါတ်ပုံ-AA Info Desk )

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။