Connect with us

Hi, what are you looking for?

News

မြန်မာ့ဒီမိုကရေစီအရေး၊ ဘေးကင်းလုံခြုံမှုအကာအကွယ်၊ လူ့အခွင့်အရေးတွေကို အမေရိကန် အာရုံစိုက်သွားမယ်လို့ အမျိုးသားလုံခြုံရေးအကြံပေးပြော

NUG ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးတို့ရဲ့ဆွေး နွေးမှုမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအကြောင်း၊ မြန်မာပြည်သူတွေရဲ့အခက်အခဲ အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ ဘေးကင်းလုံခြုံမှုအကာအကွယ်၊ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးစတာတွေအတွက် အမေရိကန်က တစိုက်မတ်မတ်အာရုံ စိုက်သွားမယ်လို့ အမျိုးသားလုံခြုံ ရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က မြန်မာ့အရေးကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အမျိုးသားညီညွတ် ရေးအစိုးရ အကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ပြောဆိုခွင့်ရခဲ့ကြောင်းနဲ့ နိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေကြတဲ့ သူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ကတိကဝတ်အတွက် ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

“ဒါကြောင့် မြန်မာပြည်သူတွေအတွက်၊ မြန်မာနိုင်ငံအတွင်းဒီမိုကရေစီလမ်းကြောင်းတစ်ခုအတွက်၊ ဘေးကင်းလုံခြုံမှုအကာအကွယ်အတွက်၊ ဒီနိုင်ငံက နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအတွက် ကျွန်တော်တို့အနေနဲ့ ဆက်လက်ပြီးတစ်စိုက်မတ်မတ်အာရုံစိုက်သွားမှာဖြစ်ပါတယ်”လို့ ဂျိတ် ဆူလီဗန်က ပြောပါတယ်။

NUG ယာယီသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးတို့ရဲ့ဆွေး နွေးမှုမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအကြောင်း၊ မြန်မာပြည်သူတွေရဲ့အခက်အခဲ အကြောင်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒေသတွင်းအဓိကျပြီး စစ်အာဏာရှင်အပေါ် လွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေနဲ့ ကျယ်ပြန့်တဲ့သံတမန်ရေးရာကိစ္စရပ်တွေ၊ အဲဒီနိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုက ခိုင်မာအားကောင်းတဲ့သတင်းစကားတွေ ဘယ်လိုပေးပို့နိုင်မလဲဆိုတဲ့ အကြောင်းတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်” လို့ ဂျိတ် ဆူလီဗန်က ဆက်ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၆ ရက်မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတဘိုင်ဒင်တက်ရောက်ခဲ့ပြီး အာဆီယံအနေနဲ့ သူတို့ရဲ့ သဘောတူညီချက် ၅ ရပ်ကို ဘယ်လို ရှေ့ဆက်လုပ်ကြမလဲဆိုတာ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ ဂျိတ်ဆူလီဗန်က သတင်းထောက်တွေကို ရှင်းလင်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook