Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းရှိ PDF ထိန်းချုပ်နယ်မြေတွင်ပြုလုပ်သည့် နှစ်ကူးအားကစားပြိုင်ပွဲသို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တက်ရောက်

နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန် ကြီး ဦးရည်မွန် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း အမှတ်(၁) စစ်ဒေသကထုတ်ပြန်သည်။

ဓါတ်ပုံ- အမှတ် (၁) စစ်​ဒေသ

ကျော်ဇော/People’s Spring

နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန် ကြီး ဦးရည်မွန် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း အမှတ်(၁) စစ်ဒေသကထုတ်ပြန်သည်။

PDF များ နှင့် ​ဒေသခံပြည်သူများ ပါဝင်ယှဥ်ပြိုင်သည့် အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ကကျင်းပခဲ့ခြင်းဖြစ်သည်။ပြိုင်ပွဲတွင် ဘောလုံး၊ ခြင်းလုံး၊ လွန်ဆွဲ စသည့် ကစားနည်းများပါဝင်ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်မတော်သားများနှင့်အတူ ဒေ သခံ ပြည်သူများပါ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ယခုနှစ်ဦးတွင် အမျိုးသားညီညွတ် ရေးအစိုးရ (NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းအား ထိုးစစ်ဆင်​ချေမှုန်းလျှက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းသို့ သွားရောက်တွေ့ဆုံအားပေးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ NUG အစိုးရ၏ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ​မြေပြင်စစ်ဆင် ရေးများဖော်ဆောင်လျှက်ရှိသည့် တော်လှန် ရေးတပ်ဖွဲ့ဝင်များထံ နွေးထွေးစွာ သွား ရောက်တွေ့ဆုံကြသည့်အပေါ် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများက ချီးကျူးထောပနာပြုကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။