Connect with us

Hi, what are you looking for?

သတင်း

မြစ်‌ခြေမြို့ကို စစ်ကောင်စီတပ်စစ်ကြောင်းသုံးကြောင်း ထိုး၍ ​နေအိမ်များမီးရှို့အကြမ်းဖက်

ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

(မြစ်ခြေမြို့နယ်အတွင်း ဒေသခံများ၏နေအိမ်များကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေစဉ်။ ဓါတ်ပုံ-TT)
(မြစ်ခြေမြို့နယ်အတွင်း ဒေသခံများ၏နေအိမ်များကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေစဉ်။ ဓါတ်ပုံ-TT)

■ဒေသခံ ပြည်သူ​ထောင်ချီ ထွက်​ပြေးတိမ်း​ရှောင်​နေရ

ကဖေး/People’s Spring

မကွေးတိုင်း၊ ကမ္မမြို့မှ ဝင်‌ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသုံးကြောင်းကမြစ်ခြေမြို့နယ်မှ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံ သုံး‌ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေကြသည်။

ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

“ညောင်ဦးဘက်ကလာတဲ့စစ်ကြောင်း၊ ပခုက္ကူ၁၀၁က လာတဲ့ စစ်ကြောင်းနဲ့ ကမ္မဘက်က စစ်ကြောင်းတွေ ပေါင်းပြီး ရွာတွေကိုဝင်နေတာ။ ရွာတွေဘက်ကဒေသခံတွေကတော့ တိမ်းရှောင်နေကြတယ်။ မြို့ပေါ်ကပြည်သူတွေအနေနဲ့တော့ တော်တော်လေးသတိထားဖို့လိုတယ်” ဟု မြစ်ခြေမြို့မှ ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစစ်ကြောင်းသည် ဒီဇင်ဘာလ၂၄ရက်မှ ဇန်နဝါရီလ၂ရက်နေ့အထိ ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာ၊ မြစ်ခြေမြို့နယ်၊ အရှေ့စဘေ၊ အနောက်စဘေနှင့် အလယ်စဘေရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဇန်နဝါရီလ၃ရက်နေ့အထိ ပြန်လည်ထွက်ခွာသွားခြင်းမရှိသေးဟု ဒေသခံများကပြောသည်။

စစ်​ကောင်စီစစ်​ကြောင်းများ​ကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ သုံးထောင်ကျော်ရှိနေသည်ဟု သတင်းရရှိသည်။

မြစ်ခြေမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမှတ်(၁)ရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲပြီး ကလေးငယ်သုံးဦး အပါအဝင် ဒေသခံငါးဦးသေဆုံးခဲ့သည်။ လက်ရှိစစ်ကြောင်းထိုးနေစဉ်လည်း လက်နက်ကြီးများပစ်ခတ်မှုရှိနေ၍ ဒေသခံများ သတိထားနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။