Connect with us

Hi, what are you looking for?

သတင်း

ကတိုင်တိစခန်းမကျဖို့ စစ်ကောင်စီ လေကြောင်းအားပြုခုခံနေ

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် ၊ ကတိုင်တိကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၅) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ ပြီး ကတိုင်တိစခန်းမကျဖို့ စစ်ကောင်စီကလေကြောင်းပစ်ကူနဲ့ခုခံ နေတယ်လို့ တပ်မဟာ (၅)ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုထံကသိရပါတယ်။

ဖာပွန်နဲ့ ကမမောင်းလမ်းပိုင်းမှာရှိတဲ့ကတိုင်တိရွာတည်နေရာကိုတွေ့ရပုံ (ဓာတ်ပုံ - Google Earth)

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် ၊ ကတိုင်တိကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၅) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ ပြီး ကတိုင်တိစခန်းမကျဖို့ စစ်ကောင်စီကလေကြောင်းပစ်ကူနဲ့ခုခံ နေတယ်လို့ တပ်မဟာ (၅)ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုထံကသိရပါတယ်။

ကမမောင်းမြို့ကနေ မိုင် ၂၀ ခန့်ဝေးပြီး ဖာပွန်-ကမမောင်း ကားလမ်းမပေါ်မှာရှိတဲ့ ကတိုင်တိတပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်ကစတင်ပြီး KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုကို လတ်တလောမှာ မသိရသေးဘူးလို့ တပ်မဟာ (၅) ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကတိုင်တိတိုက်ပွဲ ဆက်လက်ဖြစ်နေတုန်းပဲ ၊စခန်းသိမ်းအဆင့်မရောက်သေးဘူး ” လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

ဖာပွန် – ကမမောင်းလမ်းကိုစိုးမိုးထားတဲ့ ကတိုင်တိစခန်းမကျဖို့အတွက် စစ်ကောင်စီက လေတပ်ပစ်ကူနဲ့ခုခံသလို မြေပြင်ကနေ လည်းစစ်ကူစေလွှတ်နေတယ်လို့သိရပါတယ်။

ကတိုင်တိစခန်းတိုက်ခိုက်ခံရပြီးနောက် နောက်ရက် ဒီဇင်ဘာလ (၃၀ )မှာကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ကတိုင်တိရွာနဲ့အနီးဝန်းကျင် နိုဖောထီးရွာတဝိုက်ကိုစစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လာခဲ့ပါတယ်။

ကတိုင်တိတိုက်ပွဲကြောင့် ကတိုင်တိ၊ ကိုင်းတော၊ နိုဖောထီး၊ ဘောကျိုလယ်၊ ဘောကျိုထ၊ ထီးသဲလေ စတဲ့ရွာတွေက ဒေသခံ ပြည်သူတစ်ထောင်ဝန်းကျင်ဟာ ကမမောင်းနဲ့မြိုင်ကြီးငူဘက်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဖာပွန်-ကမမောင်း ကားလမ်းမှာ စစ်ကောင်စီတပ်ရဲ့ ကတိုင်တိစခန်းအပြင် ကမမောင်းဗျူဟာစခန်းတစ်ခု ကျန်ရှိနေပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ မေလ ၆ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။