Connect with us

Hi, what are you looking for?

သတင်း

သိမ်ဇရပ်မြို့ရဲစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး လေးဦးခန့် ပြင်းထန်ဒဏ်ရာရကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး လေးဦးခန့် ပြင်းထန်ဒဏ်ရာရကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သိမ်ဇရပ်မြို့ရဲစခန်းကို KRF က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် PDF (၇၈၀၅)တပ်ရင်းတို့နှင့်အတူ ဇန်နဝါရီ ၅ ရက်က ဗုံးသီးများကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စကစ နဲ့ ရဲပူးပေါင်းအင်အား ၄၀ ခန့်ရှိနိုင်တယ်။ဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာ”ဟု KRF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကနဦးသတင်းများအရ ရဲစခန်းအတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ -၂၀၇မှ စစ်ကောင်စီ တပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ ရဲသုံးဦးလည်း ဒဏ်ရာရရှိသည်ဟု ဆိုသည်။

ထို့အပြင် နောက်ဆက်တွဲထိခိုက်မှုများက ဆက်လက်စုံစမ်းနေဆဲဟု KRFက အသိပေးသည်။

တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ဒရုန်းတစ်စီးသည် GPS ချို့ယွင်းမှုကြောင့်ဆုံးရှုံးခဲ့ပြီး ရဲဘော်များမှာ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

သိမ်ဇရပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ(၄၄)လက်အောက်ခံ အမြောက်တပ်(အမတ – ၃၁၀)နှင့် ခမရ(၂၀၇)တပ်ရင်း အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။