Connect with us

Hi, what are you looking for?

သတင်း

မော်ဒယ်တဦးအပါအဝင် တရုတ်နိုင်ငံသား ၂ ဦး ထိုင်းမှာပျောက်ဆုံးနေဟုဆိုပြန်

ပျောက်ဆုံးတရုတ်နိုင်ငံသား နှစ်ဦးကို ရဲတပ်ဖွဲ့ ရှာဖွေနေ

ပျောက်ဆုံး​နေတဲ့ တရုတ်​မော်ဒယ်။ ဓါတ်ပုံ-Bangkok Post

People’s Spring

ထိုင်း-မြန်မာ နယ်စပ်မှာ အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေရဲ့ လူကုန်ကူးခြင်းကို ခံခဲ့ရတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် ပြန်လွတ်လာပေမယ့် နောက်ထပ် တရုတ်နိုင်ငံသား နှစ်ဦး အလားတူ ပျောက်ဆုံးနေတဲ့ သတင်းကို ထိုင်းရဲတွေက စုံစမ်းနေပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ရဲချုပ် သတ်ချိုင် ပီတာနီလာဘွတ်က နောက်ထပ် ပျောက်ဆုံးနေကြောင်း ဆွေမျိုးသားချင်းတွေက တိုင်ကြားထားသူ နှစ်ယောက်ဟာ တရုတ် အမျိုးသား မော်ဒယ် ယန်ဇီကီ နဲ့ အမျိုးသမီး တစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။

ယန်ဟာလည်း အခုအခါ ပြန်လည် လွတ်မြောက်လာသူ တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ကျင်နည်းတူ ထိုင်း-မြန်မာ နယ်စပ်နားမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ဖြစ်စဉ်တွေက ဆင်တူသလို ဖြစ်နေတယ်လို့ သတ်ချိုင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဝမ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျားဖြန့်ဂိုဏ်းတွေရဲ့ လှည့်စား ခေါ်ယူပြီး မြန်မာပိုင်နက်၊ မြဝတီ မြို့နယ်ထဲက ရွှေကုက္ကိုမြို့ထဲကို လူကုန်ကူး ခံခဲ့ရတာ ဖြစ်ပါတယ်။ အခု သီတင်းပတ်မှာတော့ ဝမ်ဟာ ထိုင်းနိုင်ငံကို ဘေးကင်းကင်းနဲ့ ပြန်လည် ရောက်ရှိလာနိုင်ခဲ့ပါတယ်။

အလားတူ ဝမ်ရဲ့ ဆွေမျိုးသားချင်းတွေကလည်း အဲဒီမော်ဒယ် ပျောက်ဆုံးနေမှု သတင်းကို လူမှုကွန်ရက်ပေါ် မျှဝေပြီး အကူအညီ တောင်းခံခဲ့တဲ့နောက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရပါတယ်။

သူပျောက်ဆုံးမသွားခင်တုန်းက ယန်ဟာ WeChatကနေတဆင့် ရုပ်ရှင်ရိုက်ဖို့ အစမ်းသရုပ်ဆောင်မှု တစ်ခုမှာ အောင်မြင်ခဲ့တယ်လို့ ဆွေမျိုးတွေကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူဟာ ဒီဇင်ဘာ ၂၀ ရက်နေ့တုန်းက ဘေဂျင်းကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီ လေကြောင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ နောက်တော့ ရိုက်ကူးရေး အဖွဲ့က စီစဉ်ပေးတယ်ဆိုတဲ့ ကားနဲ့ ခရီးဆက်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ သူက ဝမ်းနည်းစရာ ဖြစ်နေတယ်လို့ သူငယ်ချင်း တစ်ယောက်ဆီ message ပေးပို့ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ သူဟာ မိခင်ဆီကို ဗီဒီယို ဖုန်းခေါ်ခဲ့ပါတယ်။ ယန်ဟာ အနက်ရောင် ဝတ်ထားပြီး ခုံတစ်လုံးပေါ်မှာ ထိုင်နေသလို လက်တွေကို စားပွဲပေါ် တင်ထားခဲ့တယ်လို့ ဆိုပါတယ်။ သူက ဘေးကင်းပါတယ်လို့ ပြောပေမယ့် မျက်လုံးတဝိုက်မှာ ဒဏ်ရာရထားဟန်ရှိကြောင်း၊ အဲဒီအချိန်ကစလို့ ယန်ရဲ့ဖုန်း ပိတ်သွားခဲ့ကြောင်း မိသားစုက ဆိုပါတယ်။

အဲဒီနောက် မိသားစုဟာ တရုတ်ရဲတပ်ဖွဲ့ဆီ တိုင်ကြားပြီး ထိုင်းနဲ့ မြန်မာမှာရှိတဲ့ တရုတ်သံရုံးတွေကိုလည်း ဆက်သွယ်ထားတယ်လို့ သိရပါတယ်။

ယန်လိုပဲ နောက်ထပ် ပျောက်ဆုံးနေတာက အသက် ၂၁ နှစ်အရွယ် ဝူကျာကျီဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ဖခင်ဖြစ်သူက ထိုင်းရဲတပ်ဖွဲ့ဆီ တိုင်ကြား အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။ ဝူဟာ ထိုင်းနိုင်ငံကို ဇန်နဝါရီ ၆ ရက်နေ့က ရောက်ရှိပြီးတဲ့နောက် မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာပါ။ လူပျောက်တိုင်ကြားမှုဟာ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဇန်နဝါရီ ၈ ရက်နေ့ကမှ ထိုင်းရဲတပ်ဖွဲ့ဆီ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ပြန်လည် စိစစ်ပြီး ဝူက ဘယ်လို လမ်းကြောင်းကနေ ထွက်ခွာသွားသလဲ ဆိုတာကို ဆက်လက် စုံစမ်းနေတယ်လို့ သတ်ချိုင်က ပြောကြားသွားပါတယ်။

ကိုးကား -Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

သတင်း

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ထဲကနေအိမ်တစ်လုံးကို မနေ့ ( စက်တင်ဘာလ ၂ရက်) က အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားတယ်လ်ို့ မြို့ခံတွေဆီကသိရပါတယ်။