Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းအရန်ရဲတပ်ဖွဲ့ခွဲရုံး ရဲ့ လိုင်းခန်း မီးလောင်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း အရန်ရဲတပ်ဖွဲ့ခွဲရုံးအတွင်းက ဝန်ထမ်းလိုင်းခန်းတွေ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း အရန်ရဲတပ်ဖွဲ့ခွဲရုံးအတွင်းက ဝန်ထမ်းလိုင်းခန်းတွေ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မန္တလေးတိုင်းအရန်ရဲတပ်ဖွဲ့ခွဲရုံးက လမ်း၃၀၊ ၆၈လမ်းနဲ့ ၆၉လမ်းကြားမှာရှိတာပါ။မနက် ၉နာရီခွဲကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး နာရီဝက်ခန့်အကြာမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ရဲဝန်ထမ်းလိုင်းခန်း ၈ ခန်း ပျက်စီးသွားတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းကိုမသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်းအရန်ရဲတပ်ဖွဲ့ခွဲရုံး ဘေးပတ်ဝန်းကျင်မှာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှုးရုံး၊ တိုင်းပညာရေးမှုးရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ကလေးသူငယ်တရားရုံးနဲ့ ယာဥ်ထိန်းရုံးစတဲ့ ရုံးပေါင်းစုံရှိ ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။