Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းအရန်ရဲတပ်ဖွဲ့ခွဲရုံး ရဲ့ လိုင်းခန်း မီးလောင်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း အရန်ရဲတပ်ဖွဲ့ခွဲရုံးအတွင်းက ဝန်ထမ်းလိုင်းခန်းတွေ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း အရန်ရဲတပ်ဖွဲ့ခွဲရုံးအတွင်းက ဝန်ထမ်းလိုင်းခန်းတွေ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မန္တလေးတိုင်းအရန်ရဲတပ်ဖွဲ့ခွဲရုံးက လမ်း၃၀၊ ၆၈လမ်းနဲ့ ၆၉လမ်းကြားမှာရှိတာပါ။မနက် ၉နာရီခွဲကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး နာရီဝက်ခန့်အကြာမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ရဲဝန်ထမ်းလိုင်းခန်း ၈ ခန်း ပျက်စီးသွားတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းကိုမသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်းအရန်ရဲတပ်ဖွဲ့ခွဲရုံး ဘေးပတ်ဝန်းကျင်မှာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှုးရုံး၊ တိုင်းပညာရေးမှုးရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ကလေးသူငယ်တရားရုံးနဲ့ ယာဥ်ထိန်းရုံးစတဲ့ ရုံးပေါင်းစုံရှိ ပါတယ်။

ဆက်စပ်သတင်းများ

News Story

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တူရကီနိုင်ငံ မြောက်ပိုင်းက လူသိများတဲ့ နှင်းလျှောစီး စခန်း တစ်ခုမှာ ဟိုတယ်မီးလောင်မှုကြောင့် လူ ၇၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ပုဂံညောင်ဦးကအပြန် ရန်ကုန်ကိုတန်းမပြန်သေးဘဲ မြို့မန္တလာ​ဘက် ခရီးဆက်ဖြစ်တယ်။ ပုဂံအသွားတုန်းက ကြည့်မြင်ခွင့်မရတဲ့ မန္တ​လေးတိုင်းဘက်ခြမ်း အမြန်လမ်းအခြေ အနေကို သိလိုစိတ်စောနေခဲ့ပါတယ်။