Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့တွင် ဆိုင်ကယ်စီးလာသည့် လူငယ်သုံးဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး၊ နှစ်ဦးဆေးရုံရောက်ပြီး တစ်ဦးမှာဖမ်းဆီးခံရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့အထွက် ရန်ကုန်-ပြည်လမ်းပေါ် ဆိုင်ကယ်စီးလာသည့် လူငယ်သုံးဦးကို စစ်ကောင်စီတပ်နှင့် ရဲများက ပေါ်တာဆွဲဖမ်းဆီးရန် တားစီးစဥ် ဆိုင်ကယ်ရပ်မပေး၍ဟုဆိုကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့အထွက် ရန်ကုန်-ပြည်လမ်းပေါ် ဆိုင်ကယ်စီးလာသည့် လူငယ်သုံးဦးကို စစ်ကောင်စီတပ်နှင့် ရဲများက ပေါ်တာဆွဲဖမ်းဆီးရန် တားစီးစဥ် ဆိုင်ကယ်ရပ်မပေး၍ဟုဆိုကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့(ဇန်နဝါရီလ ၉ရက်)ညနေ ၆နာရီခန့်က နတ်တလင်းမြို့နယ်၊ မြို့ခြံကျေးရွာမှ လူငယ်သုံးဦးသည် မြို့ထဲသွားရန် ဆိုင်ကယ်တစ်စီးဖြင့်အတူလာစဥ် မြို့အဝင်နားမရောက်မီ 3 Star KTV အနီး၌ စစ်ကောင်စီတပ်နှင့် ရဲများက ဆိုင်ကယ် အားရပ်တန့်ခိုင်းကာ ပေါ်တာဆွဲရန် ကြိုပမ်းခဲ့ခြင်းဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် လူငယ်သုံးဦးက ဆိုင်ကယ်အားရပ်တန့်မပေးဘဲ ကြောက်လန့်တကြား ဆက် လက်မောင်းပြေးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနောက်မှနေ၍ လိုက်လံပစ်ခတ်ခဲ့ရာ ကိုဆန်းမင်းကြည်(ခ)ချက်ကြီးမှာ သေဆုံးနိုင်သည်အထိ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ကိုစည်သူကျော်မှာ လက်မောင်းကျည်ထိမှန်ကာ ဖြတ်ထုတ်ရနိုင်ခြေရှိကြောင်း၊ ကျန်တစ်ဦးမှာ ဖမ်းဆီးခံခဲ့ရကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“စစ်ဆေးရုံ ပို့လိုက်တယ် ပြောတယ်။ တစ်ယောက်က ဗိုက်ကိုမှန်တာ သေနိုင်တယ်​။ နောက်တစ်ယောက်က လက်ကိုမှန်တာ”ဟု ဒေသခံသတင်းရင်းမြစ်က ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်၍ ကျည်ထိမှန်ဒဏ်ရာများရခဲ့သော လူငယ်နှစ်ဦးကို မည်သည့်ဆေးရုံသို့ ပို့လိုက်သည်၊ ဒဏ်ရာမရသော်လည်း ဖမ်းဆီးခံရသည့် ကျန်လူငယ်တစ်ဦးအား မည်သို့ခေါ်ဆောင် သွားသည်ဆိုခြင်းကို လူထုနွေဦးက မသိရသေးပေ။

ပြီးခဲ့သည့်တစ်ပတ်ကျော် ဒီဇာဘာလကုန်ပိုင်းကလည်း နတ်တလင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံးအနီး၌ လူငယ်တစ်ဦး ပစ်ခတ်ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရသည်။

အလားတူ နတ်တလင်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ တစ်နှစ်တာအတွင်း စစ်ကောင်စီ၏ ပေါ်တာဆွဲဖမ်းဆီးခံရသည့် ဒေသခံ ၁၀၀ ခန့်ရှိနိုင်ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များက ခန့်မှန်းပြောဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။