Connect with us

Hi, what are you looking for?

News

မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ရာအိမ်မှူးတွေဆက်တိုက်နုတ်ထွက်နေ

“အဓိကကတော့ အုပ်ချုပ်ရေးမှူးတွေ မကြာခဏပစ်သတ်ခံရတာတွေရှိတယ်။စစ်တပ်ကခန့်တဲ့ အုပ်ချုပ်ရေးမှူးဆို ဘယ်သူမှ လက်မခံဘူး” လို့ ပုသိမ်ကြီးမြို့ပေါ်တွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးခရိုင် ၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေ ဒီရက်ပိုင်းမှာ နုတ်ထွက်တာတွေဆက်တိုက်ရှိလာပါတယ်။

အောက်တိုဘာလ. ၂၇ ရက်ကနေ ၃ ရက်တာအတွင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ရာအိမ်မှူး ၁ ဦးတို့ဟာ ရာထူးကနေ နုတ်ထွက်ခဲ့ကြတာပါ။

ကျန်းမာရေးမကောင်းလို့ တာဝန်ဆက်မထမ်းဆောင်နိုင်တဲ့အကြောင်း နုတ်ထွက်စာတွေအရသိရပါတယ်။

“အဓိကကတော့ အုပ်ချုပ်ရေးမှူးတွေ မကြာခဏပစ်သတ်ခံရတာတွေရှိတယ်။စစ်တပ်ကခန့်တဲ့ အုပ်ချုပ်ရေးမှူးဆို ဘယ်သူမှ လက်မခံဘူး” လို့ ပုသိမ်ကြီးမြို့ပေါ်တွင် နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နုတ်ထွက်သွားတဲ့ကျေးရွာတွေကတော့ ကျွဲရေကုန်း၊ တဲကုန်း၊ ငွေတောင်၊ ဆင်ပွတ်ကြီး၊ အင်ကျယ်၊ ရေထွပ်၊ နွယ်နီနဲ့ ငြိမ်းချမ်းသာစံကျေးရွာတွေဖြစ်တယ်လို့သိရပါတယ်။

ထပ်မံပြီး နုတ်ထွက်သွားတဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလည်းရှိနေပါသေးတယ်။

မနေ့က အောက်တိုဘာလ၂၈ရက် နံနက်ပိုင်းကလည်း ပုသိမ်ကြီး ရေထွက် ကျေးရွာ ရာအိမ်မှူးတစ်ဦး ဆိုင်ကယ်မောင်းနှင်နေချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။