Connect with us

Hi, what are you looking for?

News

ဦးဝင်းထိန်ကို စစ်ကောင်စီ ထောင်ဒဏ် နှစ် ၂၀ ချ ၊ အိုးဘိုထောင်ကိုချက်ချင်းပို့မယ်လို့သိရ

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်က စစ်ကောင်စီဟာ သမ္မတ ၊နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပေမယ့် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို မဖမ်းခဲ့ပါဘူး။

NLD ပါတီ သဘာပတိ တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန် ကို ဒီနေ့ နေပြည်တော် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ နဲ့ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်က စစ်ကောင်စီဟာ သမ္မတ ၊နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပေမယ့် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို မဖမ်းခဲ့ပါဘူး။

ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရ ကိုဖြုတ်ချပြီး အာဏာသိမ်းတဲ့လုပ်ရပ်ကို NLD ပါတီခေါင်းဆောင်တစ်ဦးအနေနဲ့ ပြောသင့်ပြောထိုက်တာ ပြောရမှာဖြစ်ပြီး ဒီလိုပြောတဲ့အတွက် သူ့ကိုလည်း ဖမ်းဆီးလိမ့်မယ်လို့ ဖေဖော်ဝါရီလ ၁ ရက် က မီဒီယာတွေနဲ့ နေပြည်တော်မှာတွေ့ချိန်မှာ ဦးဝင်းထိန်က ပြောခဲ့ပါတယ်။

ဦးဝင်းထိန်က မီဒီယာတွေကို ပြောရာမှာ ပြည်သူတင်မြှောက်ထားတဲ့ သမ္မတ နဲ့အတိုင်ပင်ခံကိုဖမ်းလိုက်ကတည်းက မင်းအောင်လှိုင်ဟာ မထူးဇာတ်ခင်းသွားပြီဖြစ်ပြီး အာဏာသိမ်းတာဟာ နိုင်ငံအတွက်မဟုတ်ဘဲ သူရဲ့ကိုယ်ရေးကိုယ်တာဆန္ဒတွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် တိုင်းပြည်မှာကိုဗစ်ဖြစ်ပြီး စီးပွားရေးကျချိန်အာဏာသိမ်းတာဟာ အမျှော်အမြင်နည်းပြီးအမြင်ကျဉ်းမြောင်းရာလည်းရောက်တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့မိသားစု တိုင်းပြည်မှာ ကျိကျိတက်ချမ်းသာနေပြီး ဒီပုဂ္ဂိုလ်တွေအာဏာသိမ်းတာဟာ တိုင်းပြည်နစ်နာတာကြောင့် အဲဒီလို လူမျိုးကို တပ်မတော်ခေါင်းဆောင်တွေ ဆက်ထောက်ခံရင် တပ်မတော်ဟာ အစကတည်းက ပြည်သူမထောက်ခံရာကနေ ပြည်သူရွှံရှာတဲ့ တပ်ဖြစ်မယ်လို့ ဖေဖော်ဝါရီလ ၁ရက်မှာ ဦးဝင်းထိန်က ပြောပါတယ်။

နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့လည်း အာဏာသိမ်းတဲ့ လုပ်ရပ်ကို တတ်နိုင်သမျှ ဆန့်ကျင်ပေးဖို့ CDM နည်းနဲ့ဆန့်ကျင်ပေးကြဖို့ ဦးဝင်းထိန်က စစ်တပ်အာဏာသိမ်းတဲ့နေ့မှာတင် မီဒီယာတွေကတဆင့် တိုက်တွန်းခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ ဦးဝင်းထိန် ကို ဖမ်းကာနေပြည်တော်အချုပ်ထောင် ပို့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့တရားစွဲဖမ်းဆီးထားလိုက်တာပါ။

ဒီနေ့မှာတော့ အဲဒီပုဒ်မ နဲ့ ထောင်ဒဏ် နှစ် ၂၀ချလိုက်ပြီးအသက် ၈၀ အရွယ်ရှိဖြစ်တဲ့ဦးဝင်းထိန်ကို ထောင်ချပြီး အိုးဘိုထောင်ကိုပို့မယ်လို့သိရပါတယ်။

Photo – epa

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။