Connect with us

Hi, what are you looking for?

သတင်း

နမခဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Rocket Brothers -CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ချင်းတွင်းရော့ကတ်ညီနောင် CRB တပ်ဖွဲ့ထုတ် ဒုံးတစ်လုံးအား နမခဝင်းအတွင်း ပစ်လွှတ်နေစဥ်။ ဓာတ်ပုံ-CRB

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Rocket Brothers -CRB တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုကို “ရမခ စစ်ရှုံးပြေး နမခရောက် အရှုံးသမား တိုင်းမှူးဝက်ဘီလူးမျိုးမင်းထွေးအား ဧည့်ခံကြိုဆို”စစ်ဆင်ရေးအဖြစ် CRB နှင့် မဟာမိတ်အဖွဲ့များက ဇန်နဝါရီလ ၁၄ ရက် ည ၉ နာရီ ၄၇မိနစ်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ယနေ့(ဇန်နဝါရီလ ၁၇ ရက်)တွင် အသိပေးထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်တိုင်းရုံးဝင်းအတွင်းရှိ တိုင်းရုံးကြီး၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွေး အိမ်ယာဝန်း​၊ အရာရှိကြီးနေအိမ်(၇)လုံးတန်းဝင်း၊ ငွေစာရင်းရုံးအနီး၊ စစ်ရေးပြ(ပရိတ်)ကွင်း၊ ဇေယျာသီရိခန်းမ၊ ရိက္ခာဖြန့်ဝေဌာန၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသို လှောင်ရုံ၊ ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ(105mm M2A1 Howitzer)ပစ်ကွင်း၊ WMA-301 သံချပ်ကာယာဥ်နှင့် Nora B-52 155mm ယာဥ်တင် အမြောက် ထားရာ မော်တော်ယာဥ်ရုံနှင့် စစ်သည်နေအိမ်(၆ ခန်းတွဲ)အနီးတို့၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆောက်အအုံ ထိခိုက်ပျက်စီးမှုများအနက် အဆရ-၁၂(အဆင့်မြင့်ဆက်သွယ်ရေးတပ် ရင်း)စစ်သည်ရိပ်သာ(၁)ဆောင်ပြို၊ မဆရ-၇ (စစ်​မြေပြင်ဆေးတပ်ရင်း)စစ်သည်လူပျိုဆောင်၊ လစရ-၆(လျှပ်စစ်နှင့်စက်မှုအင်ဂျင် နီယာတပ်ရင်း)စစ်သည်ရိပ်သာ (၁)ဆောင် အမိုးပွင့်၊ ထပရ-၉၂၉(ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း) ဆန်ပဲဂိုဒေါင်၊ နမခတပ်နယ်မြောက်ဘက် ၁၂၀ မမ (MK-6,MK-II)အထိုင်ကာကင်းစခန်းတို့ပါဝင်သည်ဟု အသိပေးသည်။

“(စစ်ဆင်ရေး)အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။ (ဒုံးများ)error ဖြစ်တာမျိုးက ကြုံရပါတယ်။ မထွက်တာတို့ လေပေါ်ကွဲတာတို့ ရှိတတ်ပါတယ်။ အားလုံကတော့ မကောင်းနိုင်ပါဘူး။ လက်လုပ်ဆိုတော့ ဂရုတော့စိုက်ရပါတယ်ဗျ။ အဆင်ပြေအောင်လည်း ကြိုးစားနေပါတယ်”ဟု တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး Chindwin Rocket Brothers -CRB မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများတွင် အဆရ-၁၂ မှ ဗိုလ်ကြီးကောင်းခန့်ဇော်(တိုင်းစစ်ဦးစီးချုပ် PSO)၊ တပ်ကြပ်ကြီးတစ်ဦးနှင့် အခြားဆင့်လေးဦးအပါအဝင် ခြောက်ဦးသေဆုံးကြောင်း CRB က ထုတ်ပြန်သည်။

အလားတူ ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးရှိခဲ့ရာ အရေးပေါ်လူနာတင်ယာဥ်ဖြင့် ယင်းနေ့(ဇန်န ဝါရီ ၁၄ ရက်)ည ၁၀ နာရီ ၄၀မိနစ်တွင် တပ်နယ်အတွင်းမှ စစ်ယာဥ်တန်းလိုက်ပါ၍ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်ဟု ဖော်ပြသည်။

သို့သော် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ယခုတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင်(Chindwin Rocket Brothers -C.R.B)ဦးဆောင်၍ မဟာမိတ်အဖွဲ့များဖြစ်သော Anonymous Heroes၊ ချိုမိုင်မိုင် (ကနီ)၊ Advance-47၊Chindwin Brothers၊ဗိုလ်မုတ်ဆိတ်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ပေးပါသော NAS-နပ်စ် လေကြောင်းရန် နှင့် ရင်းမြစ်ဌာနေကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း CRBက ဖော်ပြထားသည်။

ချင်းတွင်းရော့ကတ်ညီနောင် CRB အနေဖြင့် မုံရွာ နမခအား ၂၀၂၄ ဇန်နဝါရီ ၄ရက်ကစ၍ ယခု ၂၀၂၅ဇန်နဝါရီ ၁၄ ရက်ထိ တစ်နှစ်အတွင်း ၅ ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CRB အဖွဲ့ထံမှ သိရသည်။

စစ်ဆင်ရေးလုပ်ဆောင်နိုင်ရန် တစ်လကျော်ကြာပြင်ဆင်ခဲ့ရပြီး ယခုမစ်ရှင်အတွက် ထုတ်လုပ်ရေးကုန်ကျစရိတ် ကျပ်သိန်း ၁၅၀ကျော်ရှိခဲ့ရာ ပြည်တွင်း၊ပြည်ပ ထောက်ပို့အဖွဲ့အစည်းများနှင့် ပြည်သူများမှ ချင်းတွင်းရော့ကတ်ညီနောင် CRB ကို ကူညီထောက်ပံ့ပေးကြရန် ပန်ကြားတောင်းဆိုထားသည်။

အလားတူ ဇန်နဝါရီ ၁၄ ရက်ညပိုင်းက နမခ အား Brave Warrior for Myanmar-BWM နှင့် မဟာမိတ်အချို့မှလည်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှော့တိုက်ဒုံးကို အသုံးများပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၀၇ မမ (107mm) ရှော့တိုက်ဒုံးတွေကို အသုံးများပါတယ်။ ဒုံးကို ကားပေါ်တင်ပြီး ဒါမှမဟုတ် မြေပြင်မှာ အောက်ခံခုံလုပ်ပြီး ပစ်ခတ်လေ့ရှိကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Rocket Brothers-C.R.B အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။