Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်ကနေ ထိုင်းနိုင်ငံထဲ ခိုးဝင်ခဲ့သူ အင်ဒိုနီးရှား ၃၂ ဦး အဖမ်းခံရ

မြန်မာနိုင်ငံဖက်ခြမ်းကနေ ထိုင်းပိုင်နက်ထဲ ခိုးဝင်လာတဲ့အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ဖမ်းဆီးထားကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

ဓါတ်ပုံ-Khaosod English

မြန်မာနိုင်ငံဖက်ခြမ်းကနေ ထိုင်းပိုင်နက်ထဲ ခိုးဝင်လာတဲ့အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ဖမ်းဆီးထားကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ ညသန်းခေါင်ကျော်၊ ဇန်နဝါရီ ၁၉ ရက် မနက်အစောပိုင်းတုန်းက မဲဆောက်ခရိုင်ထဲမှာရှိတဲ့ ဝမ်တာခန် ကျေးရွာကနေတဆင့် ထိုင်းပိုင်နက်ထဲ ခိုးဝင်လာတဲ့ အင်ဒိုနီးရှား အမျိုးသား ၃၀ နဲ့ အမျိုးသမီး ၂ ဦးကို ထိုင်းနယ်စပ် လုံခြုံရေး အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့တာပါ။

ကနဦး စစ်ဆေးမှုတွေအရ သူတို့ဟာ မြန်မာဖက်ခြမ်း၊ မြဝတီမြို့နယ် ပိုင်နက်ထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်း၊ ကျားဖြန့် အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းတွေဖြစ်ပြီး အလုပ်ခွင်ကို အစုလိုက် ကျောခိုင်း စွန့်ခွာလာတာလို့ ဆိုပါတယ်။

သူတို့တွေဟာ အလုပ်ခွင်ကို စွန့်ခွာပြီး ထိုင်းနိုင်ငံကို ဖြတ်ကျော်ရင်း မိခင်နိုင်ငံကို ပြန်သွားဖို့ ရည်

Public Service Announcement

Public Service Announcement

ရွယ်ထားတာလို့ စုံစမ်းရေး အရာရှိတွေကို ပြောပြခဲ့ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့တွေ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေ၊ နယ်စပ်လုံခြုံရေး အရာရှိတွေ ပါဝင်တဲ့ ထိုင်းဖက်က ပူးပေါင်း စစ်ဆေးရေး အဖွဲ့က အဲဒီ ဖမ်းဆီးရမိသူ ၃၂ ဦးစလုံးမှာ မှန်ကန်ခိုင်မာတဲ့ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ စာရွက်စာတမ်းတွေ ပါမလာကြောင်း အတည်ပြုခဲ့ပါတယ်။

အဲဒီ အင်ဒိုနီးရှား နိုင်ငံသားတွေဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ ငွေကြေးလိမ်လည်မှု ကွန်ရက်တွေမှာ ပါဝင် အလုပ်လုပ်နေခဲ့ရာက လတ်တလော ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် ဂိုဏ်းတွေကို ဖြိုခွင်းမှုတွေ အရှိန် မြှင့်တင်လာချိန်မှာ ထွက်ပြေးလာကြတာ ဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက သုံးသပ်ထားပါတယ်။

မဲဆောက်ခရိုင် ရဲတပ်ဖွဲ့ရုံးမှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေက သူတို့ဟာ နေရပ်ကို ပြန်သွားဖို့သာ ရည်ရွယ်ထားခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ ထိုင်းမှာတော့ သူတို့ကို ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း