Connect with us

Hi, what are you looking for?

သတင်း

ခရိုနီနေဝင်းထွန်းက စစ်ကောင်စီအကျိုးအတွက် ပအိုဝ်းလူမျိုးများ၏အသက်စတေး တိုက်ပွဲဝင်ခိုင်းနေဟု PNLA ပြော

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသ ခုခံတော်လှန်မှုများ အားကောင်းလာချိန် အာဏာရှင်များ၏ စီးပွားဖက်ဖြစ်သည့် ခရိုနီနေဝင်းထွန်းက PNO ပြည်သူ့စစ်၏ စစ်ဘက်ခေါင်းဆောင်ပိုင်းကို ဝင်ရောက်တာဝန်ယူပြီး စစ်ကောင်စီ အကျိုးအတွက် ပအိုဝ်းလူမျိုးများ၏ အသက်ကို စတေး အသုံးချနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

အချိန်တိုအတွင်း PNA ဒုစစ်ဦးစီးချုပ်ဖြစ်လာပြီး PNA တွင် အာဏာအရှိဆုံးဖြစ်လာ​သောခရိုနီ ​နေဝင်းထွန်း။ ဓာတ်ပုံ − PNO

ထားမြတ်/People’s Spring

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသ ခုခံတော်လှန်မှုများ အားကောင်းလာချိန် အာဏာရှင်များ၏ စီးပွားဖက်ဖြစ်သည့် ခရိုနီနေဝင်းထွန်းက PNO ပြည်သူ့စစ်၏ စစ်ဘက်ခေါင်းဆောင်ပိုင်းကို ဝင်ရောက်တာဝန်ယူပြီး စစ်ကောင်စီ အကျိုးအတွက် ပအိုဝ်းလူမျိုးများ၏ အသက်ကို စတေး အသုံးချနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ယခု ဇန်နဝါရီတွင် ဆီဆိုင်မြို့နယ်အတွင်းတိုက်ပွဲအပါအဝင် ပအိုဝ်းဒေသ တိုက်ပွဲများ၌ စစ်ကောင်စီ တပ်နှင့် အတူ တိုက်ပွဲဝင်နေသည့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင် ရာချီသေဆုံးထိခိုက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး ခွန်ရိန်းယံက ယခုကဲ့သို့ ပြောကြားသည်။

“ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီသေဆုံးခဲ့ပါတယ်၊ အဲ့ဒီသေဆုံးခဲ့ရတဲ့ သူတွေဟာ အများစုက ကျွန်တော်တို့လိုပဲ ပအိုဝ်းလူငယ် လူရွယ်တွေဖြစ်ပါတယ်၊ ပအိုဝ်းလူငယ် လူရွယ်တွေဟာ PNOပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် ခရိုနီ ဦးနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့သက်သက်နဲ့ သေဆုံးနေရတာဖြစ်ပါတယ်၊ ဦးနေဝင်းထွန်းဟာ ပအိုဝ်းလူမျိုးမဟုတ်သလို ပအိုဝ်းအမျိုးသားရေးကို ဆောင်ရွက်နေသူလည်းမဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ပေါင်းပြီး ပအိုဝ်းပြည်သူကို ဂုတ်သွေးစုပ်နေတဲ့သူ ပအိုဝ်းလူမျိုးတွေကို သူ့ရဲ့အကျိုးစီးပွားနဲ့ အာဏာအတွက် သေခိုင်းနေတာဖြစ်ပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

ခရိုနီနေဝင်းထွန်းသည် စစ်ကောင်စီနှင့် ပေါင်းပြီး ပအိုဝ်းအချင်းချင်းတိုက်ခိုက်မှုများ ဖန်တီးနေကြောင်း၊ PNOတွင် ပအိုဝ်းအချင်းချင်း မတိုက်ခိုက်လိုသည့် ပဋိပက္ခမဖြစ်လိုသည့် ခေါင်းဆောင်များစွာရှိနေကြောင်း ခွန်ရိန်းယံက ပြောသည်။

“ကျွန်တော်တို့မှာ အတိတ်သင်ခန်းစာများစွာလည်းရှိပါတယ်။ ဟိုပုံးမှာ ကျင်းပခဲ့တဲ့ ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ နိုင်ငံရေးညီလာခံမှာလည်း ပအိုဝ်းအဖွဲ့အစည်းအားလုံး ထောက်ခံသဘောတူထားတဲ့ ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ ရည်မှန်းချက်တွေရှိပါတယ်။ အခုလည်း အဲ့ဒီအတိုင်းရပ်တည်ဆောင်ရွက်နေတာပါ။ ခရိုနီနေဝင်းထွန်းကသာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပအိုဝ်းတမျိုးသားလုံးရဲ့ ရည်မှန်းချက်နဲ့သွေဖည်ပြီး ပအိုဝ်းတွေကို ပြန်သတ်နေတာဖြစ်ပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ထို့ကြောင့် ပအိုဝ်းလူမျိုးအချင်းချင်းသမိုင်းဆိုးရမည့် အဖြစ်မျိုး အဖြစ်မခံကြရန် ၊ အချိန်မီ သုံးသပ်ပြင်ဆင်ကြရန် PNLA ပြောရေးဆိုခွင့်ရှိသူ က PNO ပြည်သူ့စစ်မှ ပအိုဝ်းခေါင်းဆောင်များအား တိုက်တွန်းသည်။

ယခင်က PNO၏ စီးပွားရေးတာဝန်ခံ ဖြစ်သူ ဦးနေဝင်းထွန်းကို PNO/PNA ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ရန် စီကောင်စီကပင် စီမံထားခြင်းဖြစ်သည်ဟု ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

ဦးနေဝင်းထွန်းသည် ပတ္တမြားနဂါးကျောက်စိမ်းကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး စစ်အုပ်စုနှင့်ပူးပေါင်း၍ အကျိုးအမြတ်များသော ကျောက်စိမ်းတူးဖော်ရေး ၊ရွှေတူးဖော်ရေး စသောစီးပွားရေးလုပ်ငန်းများစွာကို ပိုင်သော ခရိုနီလုပ်ငန်းရှင်ဖြစ်သည်။

PNO သည် ၂၀၂၂နောက်ပိုင်းကစ၍ စစ်ကောင်စီထံမှ လက်နက်များ ရယူပြီးနောက် ဒေသတွင်း တပ်သားသစ်အဓမ္မ စုဆောင်းခဲ့သည်။ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ်ကစ၍ အပစ်ရပ်ပြီးနောက် ရှမ်းပြည်တောင်ပိုင်း၌ အထူးဒေသအဖွဲ့ (၆)အဖြစ်စစ်တပ်က သတ်မှတ်ပေးခဲ့သည်။

ဟိုပုံး၊ဆီဆိုင် နှင့် ပင်လောင်းမြို့နယ်တို့တွင် PNO က ၎င်း၏ အုပ်ချုပ်ရေးယန္တရားများ ထူထောင် ကာ ဒေသခံများထံမှ လစဥ် အခွန်ကောက်ယူမှုများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။