Connect with us

Hi, what are you looking for?

သတင်း

ခါမ်းပါတ်ကို စစ်ကောင်စီ တစ်ပါတ်အတွင်း ငါးကြိမ်​မြောက်ဗုံးထပ်ကြဲ

တမူးခရိုင်၊ ခါမ်းပါတ်မြို့ပတ်ဝန်းကျင်ကို ယနေ့ (ဇန်နဝါရီလ၂၂ရက်) နံနက် ၁၀ နာရီ ၅ မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးထပ်ကြဲတိုက်ခိုက်သွားသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ခမ်းပါတ်မြို့ဒေသခံများ၏ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

တမူးခရိုင်၊ ခါမ်းပါတ်မြို့ပတ်ဝန်းကျင်ကို ယနေ့ (ဇန်နဝါရီလ၂၂ရက်) နံနက် ၁၀ နာရီ ၅ မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးထပ်ကြဲတိုက်ခိုက်သွားသည်။

“ဗုံးနှစ်လုံးကြဲပြန်ပြီဗျ။ခါမ်းပါတ်ကို ဘာကြောင့် ပစ်မှတ်ထားနေတာလဲမသိဘူး။ မြေပြင်က ဘာမှထူးနေတာမဟုတ်ဘဲနဲ့ဗျာ” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီဂျက်ဖိုက်တာသည် မော်လိုက်မြို့ကို ဖြတ်ပြီး ခါမ်းပါတ်ကို ဗုံးကြဲခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၁၆ ရက်ညမှ စတင်၍ ရက်သတ္တပတ်တစ်ပတ်အတွင်း လေကြောင်းမှ ငါးကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။

ဇန်နဝါရီလ၁၆ရက်၊ဇန်နဝါရီလ၁၈ရက်၊ ဇန်နဝါရီလ၂၀ရက်၊ ဇန်နဝါရီလ၂၁ရက်နှင့် ဇန်နဝါရီလ ၂၂ရက်နံနက်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါ ငါးကြိမ်တွင် ပေါင်၅၀၀ ဗုံးအပါအဝင် အင်အားပြင်းဗုံး ဆယ်လုံးထက်မနည်း ကြဲချခဲ့ကြောင်း ဒေသခံများကပြောသည်။

ဇန်နဝါရီလ၁၆ရက်ညကဗုံးကြဲတိုက်ခိုက်မှုတွင် အသက် ၃နှစ်အရွယ်က‌လေးတစ်ဦးအပါအဝင်အရပ်သားနှစ်ဦး သေဆုံးပြီးခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ ဇန်နဝါရီလ ၁၈ရက်က တိုက်ခိုက်မှု၌ အသက်၄ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀လုံး ပျက်စီးခဲ့သည်ဟု တမူးမြို့ ကြားကာလနိုင်ငံရေးဦးဆောင်ကော်မတီက ယနေ့နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ၂၀ရက်ညနှင့် ဇန်နဝါရီလ၂၁ရက်ညတိုက်ခိုက်မှု၌ ထိခိုက်မှုမရှိခဲ့ဘဲ ဇန်နဝါရီ ၂၂ ရက်တိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိ ၊ မရှိကိုမူမသိရသေးပေ။

ခါမ်းပါတ်မြို့ကိုစစ်ကောင်စီကပစ်မှတ်ထား ဗုံးကြဲနေ၍ ဒေသခံများ စိုးရိမ်နေကြပြီး နယ်စပ်ဖြစ်သော အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်မှုများ ရှိနေသည်။

စစ်ကောင်စီသည် ကလေးနှင့် တမူးမြို့နယ်ကြားရှိ စော်ဘွားရေရှင်ကျေးရွာအနီးကိုလည်း ဇန်နဝါရီလ ၁၈ရက် နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံသုံးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။လေကြောင်းပျံသန်းမှုသတိပေးချက်များကို ဖြန့်ဝေသတိပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများကသတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ