Connect with us

Hi, what are you looking for?

သတင်း

ရေဖြူနယ်တွင် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသသို့ လူနှင့်လက်နက်ခဲယမ်း ဖြည့်တင်းသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော်(BHA)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီထောက်ပို့ပစ္စည်းများကိုတွေ့ရစဥ်(ဓာတ်ပုံ - BHA/တိုက်ခိုက်မှုရုပ်သံမှတ်တမ်း)

ကျော်ဇော၊ဟန်နွေ/eople’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသသို့ လူနှင့်လက်နက်ခဲယမ်း ဖြည့်တင်းသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗထူးတပ်မတော်(BHA)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၂ရက်တွင် ရေဖြူမြို့နယ် နဘုလယ် ရေနက်ဆိပ်ကမ်း စစ်ကောင်စီ၏အခြေစိုက်စခန်းသို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း BHAက ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြ အသိပေးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းကတည်းက စစ်ကောင်စီ၏ စစ်သင်္ဘောမှတဆင့် နဘုလယ်ရေနက်ဆိပ်ကမ်းစခန်းသို့ လက်နက်ခဲယမ်းများနှင့်အတူ အားဖြည့်ရန် ဝင်ရောက်လာသည်ကို သတင်းရ၍ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကိုထက်မြတ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ ကျနော်တို့ တိုက်ခိုက်ချိန်မှာသူတို့ လက်နက်ခဲယမ်းပစ္စည်းတွေစုပုံပြီး ကားစောင့်နေတဲ့အချိန်ပေါ့။ ဒရုန်းဗုံးသီးချတဲ့အချိန် သူတို့ ပစ္စည်းပုံထဲ ကျရောက်ပေါက်ကွဲခဲ့တယ်ဗျ။ စကစ ထိခိုက်မှုကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရှိတယ်လို့ပဲ ကြားမိတယ်ဗျ။” ဟု ကိုထက်မြတ်က ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရေယာဥ်ပေါ်မှတဆင့် ပင်လယ်ကမ်းစပ်၌ စုပုံချထားသည့် ဒရုန်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းပုံပေါ်သို့ ဗုံးသီးများကျရောက်ပေါက်ကွဲပြီး ယင်းစစ်ကောင်စီတပ် ထောက်ပို့ပစ္စည်းများ မီးလောင်ပျက်စီးသွားကြောင်း ၎င်းက ရှင်းပြသည်။

တိုက်ခိုက်စဥ်အတွင်း ထောက်ပို့ပစ္စည်းများအနီး စစ်ကောင်စီတပ်သားအချို့နေရာယူထား၍ ထိခိုက်ဒဏ်ရာရသူအချို့ရှိသည်ဟု မြေပြင်သတင်းရရှိထားသော်လည်း စာရင်းအတိအကျ မသိရသေးကြောင်း ဗထူးတပ်မတော်(BHA)က အသိပေးသည်။

“ထိခိုက်မှုတော့ ရှိတယ်လို့တော့သတင်းရတာတော့ရှိတယ်ဗျ။ (တိုက်ခိုက်မှုမှတ်တမ်း)ရုပ်သံမှာမပါတဲ့ ပေါက်ကွဲမှုတွေလည်းရှိသေး တာဆိုတော့”ဟု BHA မှ တာဝန်ရှိသူက ရှင်းပြသည်။

အထက်ပါ စစ်ကောင်စီတပ်ထောက်ပို့အစီအစဥ်အား ဖြတ်တောက်တိုက်ခိုက်မှုကို ကရင် အမျိုးသားကာကွယ်ရေးတပ်(KNLA)တပ် မဟာ(၆)၊ တပ်ရင်း(၂၇)နှင့် ဗထူးတပ်မတော် BHAတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ဆောင်းပါး

ဖိုးသား/People’s Spring အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့...

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။