Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ဂိတ်တွေ ညပိုင်းပိတ်ထားမယ်

စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ညနေ ၆ နာရီခွဲကနေ မနက် ၅ နာရီအထိ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။

(စစ်ကိုင်းတိုင်းအတွင်းရှိ PDF စစ်ဆေးဂိတ်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုငြိမ်း)

နိုဝင်ဘာ ၇၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ညနေ ၆ နာရီခွဲကနေ မနက် ၅ နာရီအထိ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းခရိုင်စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က မနေ့က နိုဝင်ဘာ ၆ရက် ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်တာပါ။

​အဆိုပါ ထုတ်ပြန်ချက်အရ ပြည်သူလူထုရဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်အတွင်းရှိ လုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၉ ရက်ကနေစပြီး နေ့စဉ် မနက် (၅) နာရီမှာ ဂိတ်တွေ ဖွင့်လှစ်ပေးမှာဖြစ်ပြီး၊ ညနေ (၆) နာရီခွဲမှာ ဂိတ်တွေ ပိတ်ထားမယ်လို့ သိရပါတယ်။ ဂိတ်ပိတ်ချိန်အတွင်း ဘယ်ယာဉ်မဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ညွှန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေဘက်က ပူးပေါင်းမှာပဲ စခ(စစ်တပ်)ရန်က အေးမှာပါ”လို့ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အရေးပေါ်လူနာတင်ယာဉ်တွေအနေနဲ့ ဖြတ်သန်းလိုပါက သက်ဆိုင်ရာလုံခြုံရေးနဲ့ စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ပြီး မှန်ကန်ပါက ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ သိရပါတယ်။

လက်ရှိ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်ကရဲ့ စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ တတိယပတ်ကတည်းက စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။ အလားတူ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာလည်း အောက်တိုဘာလကုန်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ