Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်မှာ ရဲတပ်ရင်း(၅)က ရဲ ၂ဦး လက်နက်နဲ့ အလင်းဝင်လာ

မန္တလေးတိုင်း၊တောင်သာမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း-၅(မှော်ဘီ)မှရဲ ၂ဦးဟာ လက်နက်နဲ့ အလင်းတင်လာတယ်လို့ တောင်သာ People Defense Force (TTA)အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

(အလင်းဝင်လာတဲ့ ရဲ ၂ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - TTA)

နိုဝင်ဘာ-၇၊၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်အတွင်း တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရဲတပ်ရင်း-၅(မှော်ဘီ)မှရဲ ၂ဦးဟာ လက်နက်နဲ့ အလင်းတင်လာတယ်လို့ တောင်သာ People Defense Force (TTA)အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

TTA အဖွဲ့ရဲ့တစ်တော့အကောင့်ကို အဲဒီရဲ ၂ဦးက အလင်းဝင်ဖို့ လာရောက်ချိတ်ဆက်ခဲ့တာကြောင့် နိုဝင်ဘာ ၆ရက် သွားရောက် ခေါ်ယူခဲ့ပြီး ဂုဏ်ပြုချီးမြှုင့်ငွေများပေးကာ ၎င်းတို့ ပြန်လိုသည့် နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ TTAတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“မှော်ဘီရဲတပ်ရင်း(၅)က တောင်သာထဲကို စစ်ကြောင်းထိုးတာတွေရှိတယ်။အခုလည်း မြို့နယ်ထဲမှာဂိတ် တွေထိုင်ထားတယ်။အဲဒီဂိတ်‌က နေထွက် ပြေးလာတာပါ။သူတို့နှစ်‌ ယောက် တောင်သာနယ်ထဲရောက်တာ ၁နှစ်ခွဲလောက်ရှိပြီ”လို့ TTAအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြင်းခြံ၊နွားထိုးကြီးနဲ့ တောင်သာမြို့နယ်အတွင်းကို စစ်တပ်ရဲ့ ရဲစစ်ကြောင်းတွေ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး အဲဒီရဲတပ်ရင်း(၅)ကနေ TTAတပ်ဖွဲ့ထံ အလင်းဝင်လာသူ ၂၀ ခန့်ရှိပြီလို့ သိရပါတယ်။

“ကျွန်တော်တို့ဆီမှာ စုစုပေါင်းအလင်းဝင် ၃၀ကျော်ရှိပြီ။ ရဲတပ်ရင်း(၅)က နေဝင်လာတဲ့သူက ၂၀ကျော်ပြီ”လို့ TTAတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ