Connect with us

Hi, what are you looking for?

သတင်း

ထိုင်းဘက်ခြမ်းဆီ လက်နက်ငယ်ကျည်ထပ်ကျ

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း မင်းလက်ပံ၊ ဖလူးဒေသမှာ ဒီနေ့ (နိုဝင်ဘာ ၇ ရက်)မနက်ကပိုင်းက KNU နဲ့ အာဏာသိမ်းစစ်တပ်တို့ ဖြစ် ပွားခဲ့တဲ့တိုက်ပွဲမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဟာဝမ်အုပ်စုထဲက နေအိမ်တွေအပေါ် ခဲယမ်းကျရောက်ထိမှန်ခဲ့တာတွေရှိတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ – ၇၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း မင်းလက်ပံ၊ ဖလူးဒေသမှာ ဒီနေ့ (နိုဝင်ဘာ ၇ ရက်)မနက်ကပိုင်းက KNU နဲ့ အာဏာသိမ်းစစ်တပ်တို့ ဖြစ် ပွားခဲ့တဲ့တိုက်ပွဲမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဟာဝမ်အုပ်စုထဲက နေအိမ်တွေအပေါ် ခဲယမ်းကျရောက်ထိမှန်ခဲ့တာတွေရှိတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒီနေ့ မနက် ၅ နာရီက မင်းလက်ပံ၊ ဖလူးဒေသတွင်းမှာ မြ၀တီမြို့တောင်ဘက်၊ ဖလူး မင်းလက်ပံဒေသမှာ KNU ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပြီး စစ်တပ်ရဲ့ လေယာဉ်တွေ ပျံဝဲခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်းလက်နက်ငယ်ကျည်ဆံတချို့ဟာထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဟာဝမ်အုပ်စု၊ အမှတ်(၉)ရပ်ကွက်ထဲကျရောက်ခဲ့ပြီး ကျည်ထိမှန်ခဲ့တဲ့အိမ်တွေကို ထိုင်းဒေသအာဏာပိုင်တွေက လာရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာဘက်ခြမ်းကတိုက်ပွဲတွေကြောင့်ထိုင်းပိုက်နက်ထဲ ခဲယမ်းတွေကျရောက်ခဲ့သလို ထိုင်းပြည်သူတွေနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးမှုတွေရှိခဲ့တဲ့အပေါ် ထိုင်းစစ်တပ်ကာကွယ်ရေးဦးစီးချုပ်က မြန်မာစစ်သံမှုးကို နိုဝင်ဘာ ၂ ရက်နေ့က ခေါ်ယူတွေ့ဆုံတာတွေရှိခဲ့ပါတယ်။

ဒါပေမယ့် နောက်ရက်တွေမှာပဲ ထိုင်းဘက်ခြမ်းထဲ ကျည်ထပ်ကျတာတွေဆက်ရှိခဲ့ပါတယ်။

နယ်စပ်တိုက်ပွဲအရေးကြောင့် တစ် ပတ်ကြာ ပိတ်ထားခဲ့ရတဲ့ စက်လှေဂိတ်တွေအားလုံးကို ထိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ပေးပေမယ့် တိုက်ပွဲဖြစ်ပွားရာ မင်းလက်ပံနဲ့ ဖလူးရွာက ဂိတ်တွေကို တော့ ပြန်လည်ဖွင့်လှစ်တာ မရှိသေးဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်းနယ်စပ်သောင်ရင်းမြစ်ကမ်းနားက ဖလူး၊ မင်းလက်ပံဂိတ်တွေဟာ ပိတ်ထားခဲ့ရတာ ခြောက်လနီးပါး ရှိပြီဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ