Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံက ထွက်ခွာတော့မယ့် သတင်းကို Unilever အတည်ပြု

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unileverက အတည်ပြုခဲ့ပါတယ်။

နိုဝင်ဘာ-၇၊ ၂၀၂၆။ People’s Spring

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unileverက အတည်ပြုခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် မတည်ငြိမ်တဲ့ နိုင်ငံမှာ စစ်အုပ်စုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဝင်ရောက်လာအောင် အသည်းအသန် ကြိုးစားနေချိန်မှာ Unileverက မြန်မာကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

Reuters သတင်းဌာနက ဆက်သွယ်မေးမြန်းတဲ့အခါ လုပ်ငန်းစုကြီးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိတစ်ယောက်က Unileverရဲ့ မြန်မာဖက်စပ်လုပ်ငန်းရှယ်ယာတွေကို ပြည်တွင်းမိတ်ဖက်ဖြစ်တဲ့ Europe and Asia Commercial(EAC)ကုမ္ပဏီလီမိတက်လက်အောက်ခံ Centig Holding ကုမ္ပဏီဆီ ရောင်းချဖို့ သဘောတူညီထားပြီးပြီလို့ ဖြေကြားခဲ့ပါတယ်။ ရှယ်ယာလွှဲပြောင်းရောင်းချမှု လုပ်ငန်းစဉ်တွေကို လာမယ့်နှစ်မှာ အပြီးသတ်ဖို့လည်း Unileverက မျှော်လင့်ထားပါတယ်။

Public Service Announcement

Public Service Announcement

Unileverဟာ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့စျေးကွက်ထဲ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၇ မှာ EACနဲ့ ဖက်စပ်လုပ်ငန်းတစ်ခုထူထောင်ဖို့ သဘောတူစာချုပ်ခဲ့ပါတယ်။ ရှယ်ယာရောင်းချမှုကို ၂၀၂၇ မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပေမယ့် ပြည်တွင်း ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်တွေတော့ လိုအပ်နေဆဲလို့ Unileverရဲ့ ပြောရေးဆိုခွင့်ရအရာရှိက ပြောပါတယ်။ သူက ရှယ်ယာတွေ ရောင်းချမယ့် တန်ဖိုးပမာဏကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုသွားပါတယ်။

မြန်မာနိုင်ငံကနေ Unilever ထွက်ခွာတော့မယ့်အကြောင်းကို ခေတ်သစ်မီဒီယာက စတင်ဖော်ပြခဲ့ပြီး Reutersက ကုမ္ပဏီဆီ ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ရုံးချုပ်အခြေစိုက်တဲ့ Unileverဟာ Sunsilk၊ Clear၊ Lux၊ Lifebuoy အစရှိတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်း အမှတ်တံဆိပ်တွေ၊ Comfort၊ Winစတဲ့ အိမ်သုံး သန့်ရှင်းရေးပစ္စည်း အမှတ်တံဆိပ်တွေ၊ Knorr ကြက်သားမှုန့်နဲ့ ဟင်းခတ်မှုန့်၊ Hellmann’s မရိုးနိစ်စတဲ့ စားသောက်ကုန်တွေကို ဖြန့်ဖြူး ရောင်းချပေးနေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ