People’s Spring
မြန်မာ့ဂီတ လောကမှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေကိုပဲ အများဆုံး သီဆိုခဲ့တဲ့ အဆိုတော် မာရဇ္ဇ ရဲ့ နာရေးကို ဒီနေ့ (ဇန်နဝါရီ ၂၅) မှာ ရန်ကုန်မြို့က ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။
နာရေးကို အနုပညာလောကက မိတ်ဆွေတွေအပါအဝင် ပရိသတ်တွေလည်း လာရောက်ပို့ဆောင်ခဲ့ကြပါတယ်။ နာရေးကို သီးသန့်ဆောင်ဘက်မှာပြုလုပ်တာဖြစ်တာကြောင့် ပရိသတ်အားလုံးကိုတော့ ဝင်ခွင့်မပေးနိုင်ခဲ့ပါဘူး။
https://www.facebook.com/LuduNwayOo/videos/1111428307132458

Public Service Announcement
အနုပညာရှင်တွေရဲ့ နာရေးတွေထုံးစံအတိုင်း အချို့ပရိသတ်တွေကလည်း နာရေးကိုလာရောက်တဲ့ အနုပညာရှင်တွေကို စောင့်ဆိုင်းပြီး တိုးဝှေ့ကြည့်နေသူတွေလည်းရှိပါတယ်။
အဆိုတော်မာရဇ္ဇဟာ ကျောက်ကပ်ရောဂါနဲ့ ဗဟိုစည်ဆေးရုံမှာ ဇန်နဝါရီ ၂၃ ရက် ညကကွယ်လွန်ခဲ့တာပါ။
ကွယ်လွန်ချိန်မှာ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဂီတ ဖန်တီးမှုအား ကောင်းသူဖြစ်တာကြောင့် အနုပညာမောင်နှမတွေ အပါအဝင် ပရိသတ်တွေက နှမြောတသဖြစ်ရကြောင်းပြောထားကြပါတယ်။
ဆွဲအား ၊အိပ်ရေးပျက် ၊ ရင်သို့တိုးဝှေ့ဆဲပါခိုင် ၊ မအေးကိုချစ်လို့ပါ ၊ ဒွိဟ ၊ မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး ၊ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ ၊ ဝေးဝေးကလွမ်းအပါအဝင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သီချင်းများစွာကိုသီဆိုခဲ့သူဖြစ်ပါတယ်။


















































