Connect with us

Hi, what are you looking for?

သတင်း

ကိုယ်ပိုင်သံစဉ်အဆိုတော် မာရဇ္ဇ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်

ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ ပရိသတ် အားပေးမှုရရှိထားတဲ့ ဝါရင့်အ‌ဆိုတော် မာရဇ္ဇဟာ ကျောက်ကပ်ရောဂါနဲ့ ဗဟိုစည်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ − မာရဇ္ဇ/ဖေ့စ်ဘွတ်ခ်

ဆဏ်း /People’s Spring

ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ ပရိသတ် အားပေးမှုရရှိထားတဲ့ ဝါရင့်အ‌ဆိုတော် မာရဇ္ဇဟာ ကျောက်ကပ်ရောဂါနဲ့ ဗဟိုစည်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

“မနေ့ည(ဇန်နဝါရီ ၂၃ရက်) ၁၁ နာရီ ၅ မိနစ်မှာဆုံးသွားတာပါ။ နာရေးကိုတော့ မနက်ဖြန်‌ နေ့လည်ရေဝေးမှာပြုလုပ်မှာပါ” လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

အဆိုတော်မာရဇ္ဇက မြန်မာအနုပညာလောကမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ ရပ်တည်နိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးပါ။

Public Service Announcement

Public Service Announcement

ကွယ်လွန်ချိန်မှာ အသက်(၅၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး အနုပညာမောင်နှမတွေအပါအဝင် ပရိသတ်တွေက နှမြောရကြောင်း လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။

“ကိုမာကြီးရေ စိတ်မကောင်းဘူးဗျာ ကောင်းရာသုဂတိလားပါစေဗျာ အေးချမ်းပါစေဗျာ” လို့ အဆိုတော် R ဇာနည်က စိတ်မကောင်းကြောင်း ရေးသားထားပါတယ်။

အဆိုတော် မာရဇ္ဇက ဆွဲအား ၊အိပ်ရေးပျက် ၊ ရင်သို့တိုးဝှေ့ဆဲပါခိုင် ၊ မအေးကိုချစ်လို့ပါ ၊ ဒွိဟ ၊ မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး ၊ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ ၊ ဝေးဝေးကလွမ်းအပါအဝင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သီချင်းများစွာကို သီဆိုခဲ့သူပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။