Connect with us

Hi, what are you looking for?

News

တောင်တွင်းကြီးတွင် စစ်ကောင်စီတပ်သားအချင်းချင်းမှားပစ် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

“သူတို့အချင်းချင်း ကင်းစောင့်ကြရင်း မူးမူးနဲ့ ရမ်းပစ်ကြတယ်ဆိုပြီး သတင်းရတာပဲခင်ဗျ။”ဟုဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူကပြောသည်။

မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့တွင်အာဏာသ်မ်း စစ်ကောင်စီတပ်သားများ အချင်းချင်းမှားယွင်းပစ်ခတ်မိ၍ နှစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်)ည(၁၂)နာရီဝန်းကျင်က စစ်ကောင်စီတပ်အချင်းချင်း မှားယွင်း၍ ပစ်ခတ်ခြင်းဖြစ်ပြီး ၂ဦးသေဆုံးကာ တစ်ဦးအရေးပေါ်တင်ထားရကြောင်း ဒေသခံအချို့က ပြောသည်။

“သူတို့အချင်းချင်း ကင်းစောင့်ကြရင်း မူးမူးနဲ့ ရမ်းပစ်ကြတယ်ဆိုပြီး သတင်းရတာပဲခင်ဗျ။”ဟုဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူကပြောသည်။

အဆိုပါပစ်ခတ်မှုသည် ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ မိမိတို့ပြုလုပ်ခဲ့သော ဖြစ်စဉ်များကို facebook page တွင် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဗိဿနိုးပြည်သူ့ကာကွယ်ရေး နယ်မြေအတွင်းတွင်ရှိသော ပြည်သူများသည်လည်း စစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့များကို ကူညီထောက်ပံ့ ပတ်သတ်ခြင်းမပြုကြပါရန် အဆိုပါအဖွဲ့က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။