Connect with us

Hi, what are you looking for?

News

တောင်တွင်းကြီးတွင် စစ်ကောင်စီတပ်သားအချင်းချင်းမှားပစ် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

“သူတို့အချင်းချင်း ကင်းစောင့်ကြရင်း မူးမူးနဲ့ ရမ်းပစ်ကြတယ်ဆိုပြီး သတင်းရတာပဲခင်ဗျ။”ဟုဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူကပြောသည်။

မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့တွင်အာဏာသ်မ်း စစ်ကောင်စီတပ်သားများ အချင်းချင်းမှားယွင်းပစ်ခတ်မိ၍ နှစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်)ည(၁၂)နာရီဝန်းကျင်က စစ်ကောင်စီတပ်အချင်းချင်း မှားယွင်း၍ ပစ်ခတ်ခြင်းဖြစ်ပြီး ၂ဦးသေဆုံးကာ တစ်ဦးအရေးပေါ်တင်ထားရကြောင်း ဒေသခံအချို့က ပြောသည်။

“သူတို့အချင်းချင်း ကင်းစောင့်ကြရင်း မူးမူးနဲ့ ရမ်းပစ်ကြတယ်ဆိုပြီး သတင်းရတာပဲခင်ဗျ။”ဟုဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူကပြောသည်။

အဆိုပါပစ်ခတ်မှုသည် ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ မိမိတို့ပြုလုပ်ခဲ့သော ဖြစ်စဉ်များကို facebook page တွင် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဗိဿနိုးပြည်သူ့ကာကွယ်ရေး နယ်မြေအတွင်းတွင်ရှိသော ပြည်သူများသည်လည်း စစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့များကို ကူညီထောက်ပံ့ ပတ်သတ်ခြင်းမပြုကြပါရန် အဆိုပါအဖွဲ့က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook