Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထောက်ခံသူစီစဉ်တဲ့ မြဝတီ ဆန္ဒပြပွဲလူအင်အား ၃၀ခန့်သာ ပါဝင်

ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ လျှပ်စစ်နဲ့လောင်စာဆီ ဖြတ်တောက်ခံရတာကြောင့် ထိုင်းအစိုးရကို တန်ပြန်တဲ့အနေနဲ့ လူ ၃,၀၀၀အင်အားနဲ့ ဆန္ဒပြဖို့ စစ်တပ်ထောက်ခံသူ က စီစဉ်ထားခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်း ဆန္ဒထုတ်ဖော်ရာမှာတော့ လူ ၃၀ခန့် သာ ပါဝင်တာတွေ့ရပါတယ်။

ဒီကနေ့ မြဝတီမြို့မှာ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - သူရိန်မင်းထွန်း /FB

နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ လျှပ်စစ်နဲ့လောင်စာဆီ ဖြတ်တောက်ခံရတာကြောင့် ထိုင်းအစိုးရကို တန်ပြန်တဲ့အနေနဲ့ လူ ၃,၀၀၀အင်အားနဲ့ ဆန္ဒပြဖို့ စစ်တပ်ထောက်ခံသူ က စီစဉ်ထားခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်း ဆန္ဒထုတ်ဖော်ရာမှာတော့ လူ ၃၀ခန့် သာ ပါဝင်တာတွေ့ရပါတယ်။

ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်းအစိုးရက မြဝတီမြို့ဆီ လျှပ်စစ်မီးပေးတာကို ဖြတ်တောက်ပြီး စက်သုံးဆီ တင်ပို့မှုကန့်သတ်လိုက်တဲ့အပေါ် တန်ပြန်တဲ့အနေနဲ့ ထိုင်းကုန်စည်တွေ မြန်မာဘက် စီးဆင်းမှုကို ပိတ်ပင်ဖို့ စစ်တပ်ထောက်ခံသူ မြဝတီမြို့ခံ သူရိန်မင်းထွန်းက ဒီနေ့ မှာ ဆန္ဒပြပွဲ စီစဉ်ခဲ့တာပါ။

ဆန္ဒပြပွဲကိုစီစဉ်ရာမှာ ပါဝင်တဲ့ BGF ထောက်ခံသူ မြေသြဇာကျော်ကျော် ဆိုသူက ဒီနေ့ ဆန္ဒပြပွဲကို လူအင်အား ၃၀၀၀နဲ့ ထုတ်ဖော်မယ်လို့ကြွေးကြော်ထားတာပါ။

Public Service Announcement

Public Service Announcement

လက်တွေ့ ဒီနေ့ ဆန္ဒပြရာမှာတော့ လူအင်အား ၃၀ခန့်ပဲ ပါဝင်တာကို ဆန္ဒပြပွဲ ရုပ်သံဖိုင်အရ သိရပါတယ်။

ဒါပေမယ့် ဆန္ဒပြပွဲကိုတော့ ထိုင်း – မြန်မာ ကုန်သွယ်စီးဆင်မှု ရပ်တန့်ပေးဖို့ ပြည်သူလူထုဆန္ဒပြပွဲလို့ ခေါင်းစဉ်တပ်ထားပါတယ်။

နယ်စပ်က တရားမဝင် နယ်စပ်ဂိတ်တွေ ပိတ်ပင်ဖို့ ၊ ထိုင်းကုန်စည်တွေ မသုံးစွဲဖို့ ၊ မြဝတီက နှစ်နိုင်ငံချစ်ကြည်ရေး တံတားနှစ်စင်းကို ပိတ်ပင်ပေးဖို့ မြဝတီမြို့ထဲ လှည့်လည်ကြွေးကြော်ဆန္ဒပြကြပါတယ်။

မြဝတီမြို့မှာ ထိုင်း – မြန်မာနယ်စပ်ဂိတ်တွေပိတ်ပေးရေးနဲ့ ထိုင်းကုန်စည်တွေ မသုံးစွဲရေးလှုံ့ဆော်ဆန္ဒပြမှုဟာ စစ်ကောင်စီအဖွဲ့ရဲ့ စေခိုင်းတာကြောင့် သူ့ရဲ့လက်ဝေခံအမျိုးသားရေးဆိုသူတွေက နယ်စပ်ဒေသတည်ငြိမ်မှုမရှိဖို့ လှုံ့ဆော် ဆန္ဒပြမှုသာဖြစ်တယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

” ရဲစခန်းကကိုယ် ဆန္ဒပြဖို့စာတင်ခိုင်းတာ။ စစ်ကောင်စီက ပြခိုင်းတာ။ သူတို့က နယ်စပ်ဒေသကို မတည်ငြိမ်အောင် လုပ်နေတာ”လို့ မြဝတီမြို့ခံက ပြောပါတယ်။

ဒီဆန္ဒပြပွဲကို စစ်ကောင်စီလက်အောက်ခံမြဝတီမြို့နယ် ရဲတပ်ဖွဲ့က ခွင့်ပြုချက်ပေးခဲ့တာပါ။ စစ်ကောင်စီဟာ မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေဟာ ထိုင်းဘက်က လျှပ်စစ်မီးပေးတာကြောင့် လည်ပတ်နိုင်တာလို့ စွပ်စွဲထားတာပါ။

အဲဒီနောက်မှာ ထိုင်းအစိုးရက မြန်မာဘက်က နေရာ ငါးခုဆီ မီးပေးတာကို ဖေဖော်ဝါရီ ၅ ရက်မနက်ပိုင်းကစတင်ပြီး မီးဖြတ်လိုက်သလို စက်သုံးဆီ တင်ပို့တာကိုလည်းကန့်သတ်လိုက်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...