Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်တွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃၀ ကျော် ထိခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အနောက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းက ဖေဖော်ဝါရီ ၇ ရက်က သတင်းထုတ်ပြန်သည်။

မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းမှ ရဲဘော်များအားတွေ့ရစဥ်

တာရာ/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အနောက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်းက ဖေဖော်ဝါရီ ၇ ရက်က သတင်းထုတ်ပြန်သည်။

အင်အား ၁၅၀ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပုသိမ်-မုံရွာလမ်းမပေါ်ရှိ ကာကွယ်ရေးတပ်များတည်ရှိသည့် ၃မိုင်ဂိတ်ကို ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၂ နာရီခွဲခန့်က ရောက်ရှိလာကာ ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပြီးနောက် ထိုစစ်ကြောင်းက အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

မင်းဘူးခရိုင်အမှတ်(၇)တပ်ရင်းမှ ရဲဘော်များအားတွေ့ရစဥ်

“မဲဇလီရဲစခန်းကို PDFတွေသွားတိုက်ပြီးတော့ စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးလာတာပါ။ PDFတွေနဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့သေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီ ၄ ရက်တွင် ရုန်းပင်ရွာကို ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် လက်နက်ကြီး ပစ်ကူဖြင့် ကြီးအုံကြီးဝ တမံကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။ ထိုစစ်ကြောင်း ကာကွယ်ရေးတပ်များက ဆီးကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲနှစ်ခုအတွင်း စစ်ကောင်စီတပ်များဘက်မှ ဦးရေ ၃၀ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မင်းဘူးခရိုင်၊ အမှတ် (၇) တပ်ရင်းကထုတ်ပြန်ထားသည်။ ထိုထိခိုက်မှုကို People’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ရုန်းပင်၊ ရေရင်၊ ဝန်လို၊ ခိုနန်း၊ လယ်မ၊ ကျွဲခြံ၊ ပေပင်နှင့် ချောင်းဆုံတို့မှာ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုကျေးရွာများမှ ပြည်သူ ၁၀၀၀ ကျော်မှာ တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။