Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း တောမီးမှတဆင့် စက်သုံးဆီဆိုင် မီးလောင်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၌ တောမီးမှတဆင့် စက်သုံးဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

စက်သုံးဆီဆိုင် မီးလောင်မှုကို ငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ-ကိုဇေယျာထွန်းနှင့် JFK

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၌ တောမီးမှတဆင့် စက်သုံးဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၈ ရက်) ညနေ ၄ နာရီဝန်းကျင်မှစ၍ ချယ်ရီကုန်း-ဒေါရောက်ခူလမ်းခွဲဲတွင် နာရီဝက်ခန့်ကြာမီးလောင်မှု၌ နေအိမ်၊ ဆိုင်ခန်း အချို့နှင့် ဓါတ်ဆီ၊ ဒီဇယ်ပီပါများ ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

“မီးငြိမ်းသွားပြီ၊ တောမီးကနေတဆင့် ဓါတ်ဆီဆိုင်ကို မီးကူးစက် လောင်ခဲ့တာပါ။ လူအထိအခိုက်မရှိပါ။ မီးရဲ့အရှိန် ပြင်းပြင်း၊ မီးလောင်နေတဲ့ ထထပေါက်နေတဲ့ ဆီပီပါတွေကြား အန္တရာယ်ရှိရဲ့နဲ့ ဝိုင်းဝန်းမီးငြိမ်းသတ်ပေးကြတဲ့ ပြည်သူများ၊ ရေသယ်ယူပေးကြတဲ့ ရေကားများကို ကျေးဇူးအထူးတင်ရပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတူ ရေရှားပါးသည့်အခြေအနေနှင့်အတူ နွေ ရာသီ ရောက်ရှိလာ၍ တောမီးမရှို့ရန်ကိုလည်း ဒေသတွင်းတော်လှန်ရေး၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တင်းကြပ်စွာတားမြစ်ပေးရန်လိုသည်ဟုလည်း ၎င်းက အသိပေးသည်။

ဒီးမော့ဆိုမြို့အရှေ့ခြမ်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကမူ တောမီးလုံးဝမရှို့ရန် ယခုနှစ်ဆန်းပိုင်းက သတိပေးစာ ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီသည် လေကြောင်းမှတဆင့် ကရင်နီပြည်နယ်တိုက်ပွဲအချို့(မိုးဗြဲမြို့)တွင် မီးလောင်ဗုံးများကို အသုံးပြုနေကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မီးခိုးမြူတွေကြောင့် ဖြစ်ပေါ်တဲ့ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနဲ့ မြန်မာတို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ တောမီးကြောင့် မြေမြှုပ်မိုင်းပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကို စစ်ကောင်စီက ထိန့်လန့်ပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား တထောင်ခန့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီးနောက် ငွေတောင်ရွာသစ်တွင် တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း မြေပြင်ရှိ ရဲဘော်များက ပြောသည်။