Connect with us

Hi, what are you looking for?

သတင်း

ဝိတိုရိယတောင်ထိပ်တွင် ချင်းပြည်အလံ CDF လွှင့်ထူ

အာရက္ခတပ်တော်(AA)နှင့် ချင်းညီ‌နောင်တပ်ဖွဲ့ဝင်များ၏ စစ်အာဏာရှင်ဖြုတ်ချရေး ပူးပေါင်းတိုက်ပွဲများနှင့်အတူ ဝိတိုရိယတောင်ထိပ်တွင် ချင်းပြည်အလံ လွှင့်ထူနိုင်ခဲ့ပြီဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetletက ကြေညာသည်။

ဝိတိုရိယတောင်ထိပ်တွင် ချင်းပြည်အလံ CDF လွှင့်ထူထားစဉ်။ ဓာတ်ပုံ - CDF ကန်ပတ်လက်

ကဖေး/People’s Spring

အာရက္ခတပ်တော်(AA)နှင့် ချင်းညီ‌နောင်တပ်ဖွဲ့ဝင်များ၏ စစ်အာဏာရှင်ဖြုတ်ချရေး ပူးပေါင်းတိုက်ပွဲများနှင့်အတူ ဝိတိုရိယတောင်ထိပ်တွင် ချင်းပြည်အလံ လွှင့်ထူနိုင်ခဲ့ပြီဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF Kanpetlet က ကြေညာသည်။

ဖေဖော်ဝါရီ ၈ရက်က သတင်းထုတ်ပြန်ခြင်းဖြစ်ပြီး မဟာမိတ်ဖြစ်သော AAနှင့် AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

“စိန်ခေါ်မှုများစွာ/အခက်ခဲများစွာကြားက မဟာမိတ်အာရက္ခတပ်တော် (AA)နဲ့ ချင်းညီ‌နောင် တပ်ဖွဲ့ဝင်တွေရဲ့ ရင်ချင်းအပ် ကျောချင်းကပ်ပြီး မလျှော့သော ဇွဲလုံ့လဝိရိယကြောင့် အောင်မြင် ခြင်း မှတ်တိုင်တစ်ခုကို ပူးပေါင်းစိုက်ထူနိုင်ခဲ့ကြ တာဖြစ်ပါတယ်”ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်က အင်တာဗျူးတစ်ခုတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ” ခင်ဗျားတို့ကိုလည်း ခင်ဗျားတို့ချင်းပြည်အတွက် ဝိတိုရိယ(Mt.Victoria)တောင်မှာ ချင်းအလံကို လွှင့်ထူနိုင်အောင်ကျွန်တော်တို့ ကူညီပေးမယ် “ဟုထည့်သွင်းပြောကြားဖူးသည်။

ဝိတိုရိယတောင်သည် ချင်းပြည်နယ် ကန် ပက်လက်နှင့် မင်းတပ်မြို့နယ်တွင် ရှိပြီး ပေ ၁၀,၀၀၀ ကျော်မြင့်သော ထင်ရှားသည့်တောင် ဖြစ်သည်။

သဘာဝတောရိုင်းတိရိစ္ဆာန်များနှင့် ‌မျိုးသုန်းပျောက်ကွယ်လုဖြစ်နေသည့် ငှက်မျိုးစိတ်များအပါအဝင် ငှက်မျိုးစိတ်များစွာ ကျက်စားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် AAနှင့် မဟာမိတ်အဖြစ်ပူးပေါင်းခဲ့ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ ချင်းပြည်နယ်အတွင်း ချင်းညီ‌နောင်တပ်ဖွဲ့၏ မြို့သိမ်းတိုက်ပွဲများတွင် AAပါဝင်ခဲ့သည်။

AAသည် ၁၀၂၇ စစ်ဆင်ရေးတွင် ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော ချင်းပြည်နယ်၊ ပလက်ဝဒေကို ထိန်းချုပ်ထားသည်။ ချင်းညီနောင်သည် မဟာမိတ်များ နှင့်ပူးပေါင်း၍ ချင်းပြည်နယ်အတွင်းရှိ မင်းတပ် ၊ မတူပီ ၊ကန်ပက်လက် နှင့်ကျင်ဒွေး စသည့်မြို့ များကိုသိမ်းပိုက်ထားသည်။ ဖလမ်းမြို့ကိုသိမ်းပိုက်ရန် ဆက်လက်တိုက်ခိုက် နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း