Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်မှုထမ်းရမယ့်စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

စစ်သားသစ်အဖြစ် အဓမ္မစု​ဆောင်းပြီးစစ်သင်တန်း​ပေး​နေသည့် စစ်သားသစ်အချို့။ ဓါတ်ပုံ-စစ်​ကောင်စီ

ရူပါ/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်​ကောင်စီက လူဦးရေ(၁၈၉)ဦး ပါဝင်တဲ့စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ စာရင်း ရောက်ရှိလာခဲ့ကြောင်း၊ အဲဒီစာရင်းထဲမှာ သံဃာတော်နှစ်ပါးပါ စစ်မှုထမ်းရမယ့်စာရင်းထဲ ပါဝင်လာကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

“အဲ့ရွာကို စမထ စာရင်းဆိုပြီး ပြီးခဲ့တဲ့တစ်ပါတ်လောက်က လူဦးရေ ၁၈၉ ယောက်ပါစာရင်းကို စခ တွေလာပေးသွားတယ်တဲ့။ ဒါပေမယ် အဲ့စာရင်းထဲကလူတွေကိုတော့ လာမခေါ်ကြသေးဘူး။ အဲ့စာရင်းမှာက စာဝါလိုက်နေတဲ့ ငယ်ဖြူ သံဃာနှစ်ပါး နာမည်ပါပါနေတာ။”လို့ Voice Of Wundwin အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ ရဲ့စစ်မှုမထမ်းမ​နေရ ဥပ​​ဒေမှာ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့် ရသူ​တွေထဲမှာ သံဃာ​တော်​တွေ ပါဝင်တယ်လို့ ဆို​ပေမယ့် သဘွတ်ကုန်းရွာ စစ်မှုထမ်းစာရင်းမှာ သံဃာ​တော် ၂ ပါးပါဝင်​နေတာဖြစ်ပါတယ်။

သဘွတ်ကုန်းရွာမှာ စစ်တပ်အာဏာသိမ်းပြီးက
တည်းက အုပ်ချုပ်ရေးမှူးမရှိဘဲ ဘုန်းကြီးကျောင်းက ဆရာတော်ကနေ အုပ်ချုပ်နေကြောင်း၊ ရွာအဝင်တွေမှာ တံခါးပေါက်တွေလုပ်ပြီးကင်းအ
လှည့်ကျစောင့်စနစ်နဲ့အချက်ပေးသံချောင်းတွေနဲ့လုပ်ထားကြောင်း ဝမ်းတွင်းဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ညက အဲဒီသဘွတ်ကုန်းရွာကို
စစ်ကောင်စီတပ်တွေ ရောက်ရှိလာလို့ သံချောင်း
ခေါက်ပြီးအသိပေးခဲ့​ကြောင်း၊ စစ်ကောင်စီတပ်ကလည်း ရွာတံခါးသော့ကိုဖျက်ပြီး ရွာထဲဝင်ကာ စျေးဆိုင်တစ်ဆိုင်ကိုဖျက်ဆီးပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

ဒါ့အပြင် နောက်တစ်ရက်မနက်မှာလည်း သဲတောမြို့ပေါ်အလုပ်သွားလုပ်တဲ့ သဘွတ်ကုန်းရွာပြည်သူအချို့ကို စစ်တပ်က ဖမ်းဆီးသွား​ကြောင်း သိရှိရပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ယခုနှစ်ဆန်းပိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ အများအပြား ဖမ်းဆီးနေကြောင်း သတင်းရရှိပါတယ်။

စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရဥပ​ဒေရဲ့ နည်းဥပ​ဒေကို ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ပြဌာန်းပြီး​နောက်ပိုင်း စစ်သားသစ် အဓ္ဓစု​​ဆောင်းမှု ပိုမိုအတင့်ရဲစွာ ပြုလုပ်​လာပါတယ်။ စစ်ကာင်စီက နိုင်ငံဟာ ပုံမှန်မဟုတ်တဲ့ အ​ရေး​ပေါ်အ​ခြေအ​နေ သတ်မှတ်ရင်စစ်မှုထမ်းဖို့ သတ်မှတ်ချက်ပြည့်မိသူ​တွေအားလုံးကိုဆင့်​ခေါ်နိုင်တယ်လို့ ​နည်းဥပ​ဒေက ဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော

သတင်း

​မြေးနှစ်ဦးကို နိုင်ငံခြားပို့ထားတဲ့ ရုပ်ရှင်ဒါရိုက်တာပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အဓမ္မစစ်မှုထမ်းခိုင်းနေချိန် စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းကြောင်းပြောပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။