Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့ နဘားရွာစျေးမီးလောင်

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်တော်မြို့ရဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့ နဘားရွာစျေး ဖေဖော်ဝါ ရီ ၁၂ ရက် နေ့လယ် ၁၂ နာရီအချိန်က မီးလောင်ပြီး စျေး ရဲ့ သုံးပုံ နှစ်ပုံ မီးထဲပါသွားတယ်လို့ အင်းတော်ဒေသခံအချို့ဆီကသိရပါတယ်။

ဓာတ်ပုံ - Indaw Revolution -IR 

ဆိုင်းမင်း/People’s Spring

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်တော်မြို့ရဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့ နဘားရွာစျေး ဖေဖော်ဝါ ရီ ၁၂ ရက် နေ့လယ် ၁၂ နာရီအချိန်က မီးလောင်ပြီး စျေး ရဲ့ သုံးပုံ နှစ်ပုံ မီးထဲပါသွားတယ်လို့ အင်းတော်ဒေသခံအချို့ဆီကသိရပါတယ်။

စျေးမီးလောင်တာက မီးကြွင်းမီးကျန်ကြောင့် ဖြစ်နိုင်တယ်လို့ အင်းတော်ဒေသခံက ပြောပါတယ်။အင်းတော်မြို့မှာတိုက်ပွဲ တွေ ဖြစ်ပွားချိန်ကတည်းက နဘားရွာကို မီးဖြတ်ထားတာကြောင့် လျှပ်စစ်မီး ကြောင့်မဖြစ်နိုင်ဘူးလို့ အဲဒီဒေသခံကဆိုပါတယ်။

စျေးရဲ့ သုံးပုံနှစ်ပုံ မီးလောင်သွားပြီး ကုန်စုံဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ဆိုင်ကယ်အပိုပစ္စည်းဆိုင်၊ အထွေထွေလူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွေအများစု မီးထဲပါသွားပြီလို့သိရပါတယ်။ နဘားရွာစျေးမှာ ဆိုင်ခန်း ၁၀၀ ခန့် ရှိတယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စျေးမီးလောင်ချိန် အချိန်မီ မီးငြိမ်းသတ်ဖို့ အမျိုးသားတွေရှိမနေတဲ့အတွက် မီးလောင်တဲ့ပမာဏများသွားတယ်လို့ ဒေသခံအချို့က ပြောပြပါတယ်။

နဘားရွာက အမျိုးသားလူငယ်အများစုဟာ နယ်မြေအခြေအနေအရ လုံခြုံမှုမရှိတော့တဲ့အတွက် ရွာကိုစွန့်ခွာသွားကြတယ်လို့ သိရပါတယ် ။

နဘားကျေးရွာနဲ့ တစ်မိုင်ခန့်သာဝေးတဲ့ အင်းတော်မြို့မှာလည်း မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေပြီး မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းကိုသာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။